အပိုင်း (၃၁)

260 33 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃၁ )
Chapter 31      မသေမျိုး (Undead)

အရိုးစုစစ်သူကြီး သေဆုံးပြီးနောက်မှာတော့  ပစ္စည်း (item)  ၅ ခု ကျဆင်းလာခဲ့သည်။ ကျောက်ဖူ ဖြည်းဖြည်းခြင်းလျောက်သွားလိုက်ပြီး၊ လက်နှစ်ဖက်ကိုင်ဓါးကို ကောက်ယူလိုက်ခဲ့သည်။ သာမန်အရိုးစုတွေက ရရှိတဲ့ ပစ္စည်းတွေကတောင် ကောင်းမွန်တဲ့ ပစ္စည်းများဖြစ်နေခဲ့ပြီး၊ ဒီအရိုးစုစစ်သူကြီးရဲ့လက်နက်ဆိုရင်တော့ ဘယ်‌လောက်တောင် ကောင်းလိုက်မလဲဆိုတာကို သူ တွေးတောနေခဲ့သည်။

[ကြယ်တာရာပိုင်း ဓါး ] - အဆင့် - ရွှေအဆင့်
ဖော်ပြချက် -သန်မာမူ (ခွန်အား) + ၈ ၊ ကြံခိုင်မူ +၄၊ သွက်လက်မူ + ၂ ၊
ဖော်ပြချက် - ဒဏ္ဍာရီ တစ်ဝက်အဆင့်အတန်းလက်နက်သည်အချိန်ကုန်လွန်လာပြီးနောက် သံချေးများတက်လာပြီး ရွှေအဆင့် လက်နက်ဖြစ်လာခဲ့သည်။

ဒီအရာက ကျောက်ဖူကို စိတ်မပျက်စေခဲ့ပါဘူး။ ဒီအရာက ရွှေအဆင့် လက်နက်ဖြစ်နေခဲ့သည်။ ကျောက်ဖူ ကြယ်တာရာပိုင်းဓါးကို ဘိုင်ချီ ဆီပေးခဲ့ လိုက်သည်။

ဘိုင်ချီရဲ့ တည်ငြိမ်အေးစက်ပြီး ချောမောတဲ့ မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်သွားတဲ့အမူအရာ တွေ ထွက်လာပြီးနောက် သူက ပြောလိုက်သည်။
“  ကျေးဇူးတင်ပါတယ်၊ ဘုရင်မင်းမြတ်”

ကျောက်ဖူ ခေါင်းကိုညိတ်ပြလိုက်ပြီး၊ အရိုးစုစစ်သူကြီးရဲ့သံချပ်ကာချပ်ဝတ်ကို ကြည့်ခဲ့လိုက်သည်။

[အဖြူရောင်စစ်သည် သံချပ်ကာ] - အဆင့် - ငွေအဆင့်
အခြေအနေများ: သန်မာမူ(ခွန်အား )+ ၂၊ ကြံခိုင်မူ +၄၊
ဖော်ပြချက် - အချိန်ကုန်လွန်လာခြင်းကြောင့်သံချေးတက်လာပြီး သာမန် ငွေအဆင့် သံချပ်ကာချပ်ဝတ်ဖြစ်လာခဲ့သည်။

ကျောက်ဖူ ဒီချပ်ဝတ်ကိုလည်း ဘိုင်ချီကို ပေးဖို့ဆုံးဖြတ်ခဲ့လိုက်သည်။ ဘိုင်ချီ  ရုတ်တရက်ဆိုသလို စွမ်းအားကြီး လက်နက်ကိရိယာ (item) ၂ ခုကို ရရှိခဲ့ပြီးနောက်မှာတော့ သူရဲ့ အချက်အလက်တွေနဲ့ သန်မာမူ (ခွန်းအား) ကလည်း တိုးတက် အားကောင်းလာခဲ့သည်။ ဒီပစ္စည်းတွေအားလုံးကို တပ်ဆင်ပြီးနောက် သူ့ရဲ့ ကျင့်ကြံမူအဆင့်နှင့် အခြား အချက်အလက်တွေမှာပါ အဆင့်တစ်ဆင့်စီ  မြင့်တက်လာခဲ့သည်။ ကြယ်တာရာပိုင်း ဓါးကြောင့် သူရဲ့ သန်မာမူ (ခွန်အား) က +၈ ထပ်မံ ပေါင်းထည့်လာခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now