အပိုင်း (၆၆)

239 28 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၆ )
Chapter 66    ခြောက်ပြည်ထောင် မဟာမိတ်များ

ကစားသမားအုပ်စု အားလုံးနီးပါးလောက်က ဒီလေလံပွဲမှာ ပါဝင်နိုင်မယ်လို မျှော်လင့်ပြီး၊ ငွေတွေ စုဆောင်းထားကြတာပါ။ ဒါကြောင့် ကျောက်ဖူလည်း စိတ်ဝင်စား‌ေနခဲ့ပါတယ်။ သူ့မှာ ငွေအမြောက်အများရှိပေမယ့်၊ သုံးရမယ့်နေရာ မရှိဘူး ဖြစ်နေခဲ့တာပါ။ ဝယ်ချင်တဲ့ အရာတွေလည်း အများကြီးရှိနေသည်။ ဒါပေမဲ့ ကျောက်ဖူ စျေးဆိုင်တေွမှာ ရောင်းတဲ့ ပစ္စည်း တွေကို စိတ်မဝင်စားတာကြောင့် လေလံပွဲကို ပါဝင်ချင်နေတာပါ။ ဒါကြောင့် သူ့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို စလုထားခဲ့သည်။

နေ့ရက်တွေ မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ။ သိပ်မကြာခင် အချိန်ကပဲ ကျောက်ဖူ ဘိုင်ချီကို ခေါ်ပြီး၊ ကြီးမားတဲ့ အဆောက်အဦ တစ်ခုဆီကို ထွက်လာခဲ့ပါတယ်။ ဒီအဆောက်အဦက အနီရောင် ပန်းကုန်သည်များ မဟာမိတ်အဖွဲ့ရဲ့လေလံအိမ်ပါ။

အနီရောင် ပန်း ကုန်သည်များမဟာမိတ်အဖွဲ့ဟာ ကြောက်စရာများသစ်တောက အကြီးဆုံးကုန်သည်မဟာမိတ်အဖွဲ့ ဖြစ်တာက‌ေတာ့ သံသယရှိစရာ မလိုပါဘူး။ အဓိကမြို့ကြီးသုံးမြို့မှာ မရေမတွက်နိုင်တဲ့ ပိုင်ဆိုင်မှု တွေရှိနေတာကတော့ သေချာပါတယ်။ ဒီလို လေလံပွဲ အကြောင်း ကြောက်စရာများသစ်တော အပြင်ဘက်ထိ ပျံ့နှံသွားအောင် လုပ်နိုင်ခဲ့တဲ့ သူတို့ရဲ့ နောက်ခံကတော့ အတော့်ကို ကြီးမားနက်ရှိုင်းမှာပါ။ ချင်နန်က ကျောက်ဖူကို သူတို့နဲ့ မဆန့်ကျင်မိဖို့သတိ‌ေပးခဲ့ပါ‌ေသးတယ်။

လေလံတင်တဲ့နေရာရဲ့ အပြင်ဘက္မှာတော့ လူတွေနဲ့ ပြည့်နေပါတယ်။ အစောင့် ၈ ယောက်က ၀ င်ကြေး ရွှေဒင်္ဂါး ၁ပြား ဖြစ်တယ်ဆိုတာ ပြောလိုက်တာကြောင့် ကစားသမားတွေ အမြောက်အမြား ရင်နာသွားခဲ့ကြသည်။ ရွှေဒင်္ဂါး ၁ ပြား ဆိုတာကြေးနီဒင်္ဂါးတစ်သောင်းပါ။ ဒါက အစစ်အမှန်ကမ္ဘာမှာဆိုရင်တော့ ဒေါ်လာ ၁၀၀၀၀၀ လောက်ရှိနေခဲ့သည်။ ဒီလို လုပ်ထားတာက သာမန်ကစားသမားအမြောက်အမြားကို ဝင်ရောက်ဖို့ မဆိုထားနဲ့ ကြည့်ဖို့တောင် မဖြစ်နိုင်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now