အပိုင်း (၁၅၀)

202 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၅၀ )
Chapter 150              S အဆင့် ဝရမ်းပြေး

ကျောက်ဖူ အတော်ဒေါသထွက်နေခဲ့ပေမယ့် သူ ဒီမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူးဆိုတာကို နားလည်ပါတယ်။ သူဟာ အလိုရှိနေတဲ့ ရာဇဝတ်သား တစ်ယောက် ြဖစ်သွားခဲ့တာကြောင့် ကောင်းကင်ဘုံ ကျောက်တုံး မြို့တော်ရဲ့ တယ်လီပို့ လမ်းကြောင်းတွေကို အသုံးပြုလို့ မရတော့ပါဘူး။ ဒါကြောင့် သူလုပ်နိုင်သမျှကတော့ မြို့တံခါးဝကနေ အမြန်ဆုံး ထွက်ခွာနိုင်ဖို့ပါပဲ။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကင်းလှည့်‌ေနတဲ့ စစ်သည် ၁၀ယောက်လောက် သူ မြင်ကွင်းရှေ့မှာ ပေါ်လာခဲ့ပါတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ရတော့ ကျောက်ဖူ အမူအရာပျက္မသွားခဲ့ပဲ ၊ လမ်းကြားထဲကို အလျင်အမြန်ပဲ လျှောက်ဝင်လိုက်ပါတယ်။

မြို့အစောင့်တွေက ကျောက်ဖူဟာ ကျင့်ကြံမှု အဆင့်  ၁ သာ ဖြစ်တယ်ဆိုတာ တွေ့လိုက်ရပါတယ်။ သူတို့လို  အဆင့် ၁ မြို့အစောင့် ၁၀ယောက်လောက်က သူတစ်ယောက်တည်းကို နိုင်အောင်တိုက်ခိုက်နိုင်မှာပါဆိုပြီး၊ သူတို့ကိုယ် သူတို့ အတော်လေး ယုံကြည်မှု ရှိနေခဲ့ကြပါတယ်။ ဒါကြောင့် သူတို့က ဘယ်သူ့ကိုမှ အကြောင်းကြား ခေါ်မနေတော့ပဲ ကျောက်ဖူနောက်ကို လိုက်သွားခဲ့ကြပါတယ်။

ဒီအချိန်မှာတော့ ကျောက်ဖူ အမြန်လမိးလျှောက်နေတာကို ရပ်လိုက်ပြီး၊  မြို့အစောင့်တွေကို လှည့်ကြည့်လိုက်ပါပြီ။ အဲ့ဒီ့နောက် သူ့မျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးက ထွက်ပေါ်လာခဲ့ပါတယ်။

“ လီဝူ!  မင်းဟာ ကောင်းကင်ဘုံကျောက်တုံး မြို့တော်က အလိုရှိနေတဲ့ ရာဇဝတ်သားပဲ။ မင်း မလွတ်နိုင်ဆော့ပါဘူး။ မင်းလက်နက်ချမယ်ဆိုရင် မင်းရဲ့ အလောင်းကို ပုံမပျက်စေရဘူး။ ငါတို့ကို အပြစ်မတင်ပါနဲ့။ လူငယ်အရှင်သခင်ကို အမှားအယွင်းလုပ်ခဲ့တဲ့အတွက် မင်းကိုယ်မင်းသာ အပြစ်တင်ပါ။ ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ကျောက်ဖူကို ကြည့်ပြီး၊ ယုံကြည်မှုအပြည့်ဖြင့် ရယ်မောပြောဆိုလိုက်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now