အပိုင်း ၆၀)

265 28 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၀ )
Chapter  60          ရှေးဟောင်းပစ္စည်း

ကျောက်ဖူ ဒီစားသောက်ဆိုင်ကို အ‌နောက်ဘက်နေဝင်ချိန် စားသောက်ဆိုင်လို့ နာမည်ပေးခဲ့လိုက်သည်။ သူက ဒီနေရာကို ၀ယ်ယူတဲ့ အချိန်မှာ အနောက်ဘက်က နေလုံးဟာ၀င်ရောက်သွားပြီး၊ ညဘက်ရောက်လာတာကြောင့် ဆည်းဆာနေဝင်ချိန် တောက်ပနေလို့ပါ။

ပစ္စည်းအရောင်းဆိုင်ကိုတော့ ကျောက်ဖူ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်လို့ နာမည်ပေးခဲ့လိုက်သည်။ သူတို့ရောင်းမည့် ပစ္စည်းတွေက သံချေးတက်နေတဲ့ ပစ္စည်းကိရိယာ အဟောင်းတွေ ဖြစ်နေတာကြောင့်ပဲဖြစ်သည်။

အဲဒီကိစ္စရပ်တွေကို ဆောင်ရွက်ပြီးတဲ့နောက် သူ ဒီပစ္စည်းအရောင်းဆိုင်ကို တရားဝင်မဖွင့်ခင်မှာပဲ လူအများအပြားက ပစ္စည်းတွေ ၀ယ်ယူဖို့အတွက် ရောက်လာခဲ့ကြသည်။ ဒီလိုတွေနဲ့ နောက်တော့ သူဟာ ရွှေဒင်္ဂါးတစ်ရာကို ယူဆောင်လာပြီး အဆောက်အအုံကြီးတစ်ခုဆီကို ထွက်လာခဲ့သည်။

ဒီအဆောက်အဦးကတော့ ပြည်ထဲရေး ဌာနကြီးပါပဲ။ ကျောက်ဖူ သူ့ဝတ်ရုံရှည်ကို ချွတ်လိုက်ကာ ပြုံးပြလိုက်ကာ ငွေဒင်္ဂါး အနည်းငယ်ကို အစောင့်တွေလက်ထဲ ထည့်လိုက်သည်။ ကျောက်ဖူဟာ တတိယအဆင့် 'သူကောင်း' တစ်ယောက်ဖြစ်တယ်ဆိုတာကို သိပြီးတဲ့နောက်  အစောင့်တွေက ဝန်ကြီးထံ အလျင်အမြန် သတင်းပို့လိုက်ကြပြီး၊ မကြာမီမှာပဲ ကျောက်ဖူကို ဝင်တွေ့ခွင့်ပေးလိုက်ကြသည်။

   ဧည့်ခန်းမထဲကို ကျောက်ဖူ ရောက်လာတဲ့အခါမှာတော့ အသားဖြူဖြူနဲ့ ‌အတော်ဝနေတဲ့ လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ထိုင်ခုံပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ကျောက်ဖူက လမ်းလျှောက်ဝင်လာခဲ့ပြီး ဦးညွှတ် အရိုအသေပေးကာ ပြောလိုက်သည်။

" အရှင် ပြည်ထဲရေး ဝန်ကြီး၊ တွေ့ရတာ ဝမ်းသာပါတယ်။"

ကျောက်ဖူဟာ တတိယအဆင့် 'သူကောင်း'တစ်ယောက် ဖြစ်ပေမယ့် သာမာန်လူတွေက လေးစားကြပေမယ့် ဒီလို  အင်အားစုပါဝါ အများအပြားကို ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေး၀န်ကြီးရှေ့မှာတော့ သူက ဘာကောင်မှ မဟုတ်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now