အပိုင်း (၁၀၂)

211 20 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀၂ )
Chapter 102        ဘယ်အရာမဆို မှန်တယ် မရှိဘူး၊ အရာအားလုံးကို လုပ်ခွင့်ပြုထားတယ်။

ဘုရင်ရဲ့ ကိုယ်ပိုင်နယ်မြေ အတွင်းမှာပဲ အရာအားလုံးက ကျောက်ဖူ ရှေ့မှာ အဆပေါင်းများစွာ နှေးကွေးသွားကြပါပြီ။ ဒီလိုအရာတွေကြားမှာတောင် အဲ့ဒီကြွက်လူတွေက ပုံမှန်မဟုတ်တဲ့ အရှိန်အဟုန်‌ေတွနဲ့ ဆက်လက်ပြေးဝင်လာခဲ့ကြဆဲဖြစ်ပြီး၊ သူတို့ ကျောက်ဖူ နားကို ချက်ခြင်းပဲ ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ရဲ့လက်‌ေတွကနေ ဓါးအလင်းတွေထွက်လာပြီး၊ ကျောက်ဖူရဲ့ လည်ပင်းဆီ ဦးတည် ထုတ်လွှတ်လိုက်ကြ ပါတော့တယ်။

ကံကောင်းတာကတော့ ကျောက်ဖူ ဟာအရင်ကနဲ့မတူ‌ေတာ့ခဲ့တာပါပဲ။ ဒီကြွက်လူတွေက အစွမ်းထက်ကြပေမယ့် ကျောက်ဖူနဲ့ယှဉ်ရင်တော့ လုံးဝ ကွဲပြားခြားနားတဲ့အဆင့်မှာ ရှိနေကြပါတယ်။ ပထမဆုံး ကြွက်လူတစ်ယောက်က ကျောက်ဖူ ရှေ့မှာပေါ်ထွက်လာတာနဲ့ တပြိုင်နက် ကောင်းကင်နတ်ဆိုးဓါးက လျှပ်စီးလက်သလို ကျရောက်သွားခဲ့ပါတယ်။

ဓားအလင်းတစ်ချက် တောက်ပသွားပြီး၊ ကြွက်လူရဲ့ ရင်ဘတ်ကနေ သွေး အမြောက်အမြား ဖြာထွက်သွားခဲ့ပါတယ်။ အဲ့ဒီ့ကြွက်လူရဲ့ ခန္ဓာကိုယ်မှ အူတွေပါ ထွက်ကျလာပြီး၊ မြေပြင်တစ်ခုလုံး သွေးလွှမ်းသွားခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယကြွက်လူတစ်ယောက်က ကျောက်ဖူရဲ့ ညာဘက်မှာ ထွက်ပေါ်လာပြန်ပါတယ်။ ကျောက်ဖူ သူ့ဓါးကို ညာဘက်ကို ဆွဲပိုင်းလိုက်ပါတယ်။ နောက်ထပ် ဓါးအလငတစ်ချက် လင်းလက်သွားပြီး၊ အဲ့ဒီ ဒုတိယ ကြွက်လူ နှစ်ပိုင်းပြတ်သွားခဲ့ပါတယ်။ သူရဲ့ ခန္ဓာကိုယ် တစ်ပိုင်းနဲ့ အတွင်းကလီစာတွေ မြေပြင်ပေါ်ပျံ့ကျဲသွားခဲ့ပါတယ်။

  တတိယ ကြွက်လူက ကျောက်ဖူရဲ့နောက်ကွယ်ကနေ ထွက်ပေါ်လာတဲ့ အခါ ကျောက်ဖူ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး၊ အဲ့ဒီ့ကြွက်လူရဲ့ နှလုံးသားတည့်တည့်ကို ဓါးနဲ့ထိုးလိုက်ပါတယ်။ ကောင်းကင်နတ်ဆိုးဓါးရဲ့ ကြောက်မက်ဖွယ်စွမ်းအင်ကြောင့် အဲ့ဒီ့ကြွက်လူရဲ့ ရင်ဘတ်တစ်ခုလုံး ချက်ခြင်းပဲ ပွင့်ထွက်သွားခဲ့ပါပြီ။ 

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now