အပိုင်း (၁၄၀)

206 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄၀ )
Chapter 140              နာမကျန်းဖြစ်‌ေနတဲ့မိန်းကလေး

  တစ်စုံတစ်ယောက်အနေနဲ့  သူတို့ ကျရှုံးတာကို နှလုံးသားထဲမှာ စွဲမြဲစွာ မှတ်မိနေမှသာ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ စိတ်ချမ်းသာမှု ခံစားနိုင်မှာပါ။ ကျောက်ဖူ သူတောင်းစား‌ေလးကို  အနည်းငယ်စိုက်ကြည့်လိုက်ပြီး၊ သူညစ်နေတဲ့ လည်ပင်းကိုတဖြည်းဖြည်းတင်းကြပ်လိုက်ပါတယ်။

သူတောင်းစားလေးက လည်ပင်းညှစ်ခံထားရတဲ့ အတွက် အသက်ရှုကြပ်ကာ မျက်နှာတွေ နီရဲ လာခဲ့ပါပြီ။ သူ့ရဲ့လက်တွေက လည်ပင်းကို ညှစ်ထားတဲ့လက်ကို ဆုပ်ကိုင်ထားခဲ့ပေမယ့် လုံးဝ မတွန်းလှန်နိုင်ခဲ့ပါဘူး။ ယခုအချိန်မှာတော့ သူတောင်းစားလေးဟာ အသက်ရှုရပ်လုနီးပါး ဖြစ်‌ေနခဲ့ပြီး၊ သူ့ရဲ့ခြေထောက်တွေကို လေထဲကို ကန်‌ကျောက် ေနခဲ့ပါပြီ။

“ ငါ့ ညီလေးကို လွှတ်လိုက်စမ်း”  ပုံရိပ်နှစ်ခုက ရုတ်တရက် အသံတစ်ခုနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။

ကြည့်လိုက်တဲ့ အခါမှာတော့ အသက် ၁၄ နှစ်/ ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့လိုက်ပါတယ်။ သူတို့က နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်ရှိပြီး, အတော်လေးဆင်တူပါတယ်။ အမြွှာတွေ ဖြစ်နိုင်ပါတယ်။ သူတို့က ဓါးမြှောင်တွေ ကိုယ်စီ ကိုင်ထားကြပြီး၊ ကျောက်ဖူကို မုန်းတီးတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။

သူတို့ရဲ့ငယ်ရွယ်တဲ့မျက်နှာတွေကို ကြည့်လိုက်ပြီး၊ ကျောက်ဖူ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပါတယ်။ အဲ့ဒီ့နောက် သူတောင်းစားလေးကို သူတို့ဆီကို ပစ်လိုက်ပါတယ်။ ဒီလို ပစ်လိုက်တာကြောင့် သူတို့ အားလုံး မြေပေါ်လဲကျသွားခဲ့ပြီး၊  သူတောင်းစားလေး သတိလစ်သွားခဲ့ပါတယ်။

ဒီလို ဖြစ်သွားတာကိုမြင်တော့ အမြွှာတွေက လက်ထဲမှာ ဓားမြှောင်တွေကိုင်ပြီး၊ ဒေသတကြီး သူ့ဆီ ပြေးဝင်လာကြပါတယ်။ သူတို့ဟာ အံ့ဩစရာကောင်းလောက်အောင် အတော်လေး လျင်မြန်ပြီး၊ သာမာန်လူတွေသာဆိုရင်တော့ သူတို့ဆီကို ဦးတည်ဝင်လာနေတဲ့ မှုန်ဝါးဝါး သဏ္ဍာန် နှစ်ခုကိုသာ တွေ့မြင်နိုင်မှာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now