အပိုင်း (၁၅၄)

187 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၅၄ )
Chapter  154       ထိန်းမနိုင်သိမ်းမရ ဒေါသပေါက်ကွဲမှု

အရင်က ကျောက်ဖူ ထွက်ပြေးလွတ်မြောက်ဖို့ကိုသာ လုံးလုံးအာရုံစိုက်‌ေနခဲ့တာကြောင့် သူ့ရဲ့ နိုင်ငံဝောာ် အဆင်တန်ဆာကို အသုံးမပြုခဲ့မိပါဘူး။ ဒါပေမယ့် ဒီလူ‌ေတွက သူ့ကို စဉ်ဆက်မပြတ် ဖိအားပေးခဲ့ကြတာ‌ေကြာင့် ဒီအချိန်မှာ ကျောက်ဖူ ဖိနှိပ်ထားတဲ့ ခံစားချက်တွေဟာ နောက်ဆုံးတော့ ပေါက်ကွဲထွက်လာခဲ့ပါပြီ။  ကျောက်ဖူ အလွန်ဆင်ခြင်တုံတရားရှိပြီးကိုယ်ကိုကိုယ် ထိန်းချုပ်နိုင်သူ တစ်ယောက်ပါ။ ကျောက်ဖူလို လူမျိုးတွေဟာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ရင်တော့ သူတို့ဟာ မယုံနိုင်လောက်အောင် အလွန်ထိတ်လန့်စရာ‌ေကာင်းလှပါတယ်။ အခုဆို သူဟာ ထိန်းမနိုင်သိမ်းမရ အောင် ဒေါသပေါက်ကွဲသွားခဲ့ပါပြီ။

ကျောက်ဖူ ဓါးကို ကိုင်ကာ ရပ်နေခဲ့ပြီး၊ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေခဲ့ပါတယ်။ သူဟာ ကမ္ဘာကို အဆုံးသတ်တော့မယ့် နတ်ဆိုးနတ်ဘုရားလို ကြောက်လန့်တုန်လှုပ်ဖွယ် ကောင်းနေခဲ့ပါတယ်။

ကောင်းကင်နတ်ဆိုးတောင် ကျောက်ဖူမှာ ဒီလို  အစစ်အမှန်စွမ်းအားတွေ ရှိနေပြီး အလွန်ကြောက်စရာကောင်းလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ ဘုရင့်ရဲ့စွမ်းအားပါဝါရော နိုင်ငံတော် အဆင်တန်ဆာ နှစ်ခုလုံးကို ထုတ်သုံးခဲ့လို့ပါပဲ။  ဒါ့အပြင် သတ္တုပုဂ္ဂိုလ် ၁၂ယောက်က အဆင့် ၂ နိုင်ငံတော် အဆင်တန်ဆာ ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။

ဒီအရာက အဆင့် ၁ နိုင်ငံတော် အဆင်တန်ဆာ ဖြစ်ခဲ့စဉ်က ကျောက်ဖူ လျှို့ဝှက်ဆန်းကြယ်တဲ့ အရိုးစုကို ရင်ဆိုင်ခဲ့ပြီး၊ ထုတ်ဖော်ခဲ့တဲ့ စွမ်းအားတွေက မယုံနိုင်လောက်အောင် ကြောက်စရာကောင်းခဲ့ပါတယ်။ အခုတော့ ဒီအရာဟာ အဆင့် ၂ နိုင်ငံတော် အဆင်တန်ဆာ ဖြစ်နေခဲ့ပြီး၊ သူ့မှာလည်း ဘုရင် အလုပ်အကိုင်လည်း ရှိနေခဲ့ပါပြီ။

မာနထောင်လွှားတတ်ပြီး အစွမ်းထက်တဲ့ ကောင်းကင်နတ်ဆိုးတောင်မှ ကြောက်ရွံ့‌ေနခဲ့ပြီး၊ အသံတောင် မထွက်ရဲတော့ပါဘူး။ ကျောက်ဖူကို မကျေမနပ် ဖြစ်သွားခဲ့ပါက အတွေးနဲ့တောင် ဓါးကို ဖျက်ဆီးပစ်လိုက်နိုင်တာကြောင့် သူ လုံးဝ တုန်လှုပ်နေခဲ့တာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now