အပိုင်း (၉၄)

226 29 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၉၄ )
Chapter 94    သန့်ရှင်းသော အလင်းအဖွဲ့အစည်း

  နတ်ဆိုးရဲ့အသံအ‌ေနအထားက ချက်ခြင်းပြောင်းလဲသွားတာကို ကြားလိုက်ရတဲ့အခါ ကျောက်ဖူ အတော်လေး အံ့ဩသွားပါတယ်။ ဒါပေမယ့် သူက ငြင်းဆန်လိုက်ပါတယ်။
" ငါ့မှာ မရှိတော့ဘူး။"

“ ဟမ်! ဘယ်လောက်တောင် တွန့်တိုတဲ့ လူလဲ။"

ဒီကောင်းကင်နတ်ဆိုးရဲ့ သဘောထားဟာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားတဲ့အတွက် ကျောက်ဖူ ဆွံ့အသွားပါတယ်။ ဒီလိုပြောပြီးနောက် ကောင်းကင်နတ်ဆိုး ဆိတ်သွားတဲ့အတွက် ကျောက်ဖူ အချက်အလက်တွေကို နောက်တစ်ကြိမ် ပြန်ဖတ်ကြည့်လိုက်ပါတယ်။

[ကောင်းကင် နတ်ဆိုး ဓား] အဆင့် - မော်ကွန်းဝင်၊ အချက်အလက္များ: သန်မာမှု (ခွန်အား) +30၊ ညာဏ်ရည် +25၊ ကြံခိုင်မှု +20၊ သွက်လက္မှု +20
ဖော်ပြချက်: ကောင်းကင် နတ်ဆိုးရဲ့အလောင်းကနေ ပြုလုပ်ထားတဲ့ အစွန်းရောက်နတ်ဆိုးဓား။

စာရင်းဇယားအချက်အလက် ၄ခုဟာ တစ်ခုစီကို ၁၀ မှတ်ဆီ တိုးမြှင့်ခဲ့ပြီး၊ ဂိမ်းစနစ်က ဖော်ပြမပေးတဲ့ အထူးစွမ်းအားအချို့လည်း ရှိ‌ေနခဲ့ပါတယ်။  ပစ္စည်းကိရိယာရဲ့ ဝိညာဉ် ဟာ အထူးစွမ်းအားထုတ်လွှတ်နိုင်တယ် ဆိုတာမျိုးပါ။

ကောင်းကင်နတ်ဆိုးဓါးလို  ပစ္စည်းကိရိယာ အချို့ဟာ အသုံးပြုသူကို မြင့်မားတဲ့ စွမ်းအား‌ေတွ အသုံးပြုနိုင်ပါတယ်။ ကျောက်ဖူ ကောင်းကင်နတ်ဆိုးဓါးကို တင်းကျပ်အောင် ဆုပ်ကိုင်လိုက်ပြီး၊ ဝှေ့ယမ်းလိုက်တဲ့အခါ နတ်ဆိုးချီအမြောက်အများထွက်ပေါ်လာခဲ့ပါတယ်။

ဝိုးး!

အနက်ရောင် ဓါးအလင်းတွေကတောက်ပလာပြီး၊ မြေပြင်ပေါ်မှာ  ၅ မီတာရှည်တဲ့ အက်ကွဲကြောင်း ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီ့ အက်ကွဲကြောင်းကနေ နတ်ဆိုးချီ‌ေတွ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါဟာ ပုံမှန် နတ်ဆိုးရဲ့ စွမ်းအားထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားရှိတဲ့ [ကောင်းကင်နတ်ဆိုးရဲ့ စွမ်းအားပါဝါ] ပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now