အပိုင်း (၁၂၇)

213 25 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂၇ )
Chapter 127             ဘုရင့်တွေရဲ့ လမ်းကြောင်း

   လှပပြီး၊ လက်ရာမြေက္ပစ္စည်းတွေနဲ့ အလှဆင်ထားတဲ့ အခန်းတစ်ခုထဲမှာတော့ ရင်းဇီ အဖြူရောင် ဆိုဖာ ပေါ်မှာ ထိုင်နေပြီး၊ အေးစက်စက် အမူအရာနဲ့ ပြောလိုက်ပါတယ်။
" ငါတို့ ဘိုးဘေး အမွေကို ရသွားတာ ဘယ်သူလဲ။ သူ့အနေနဲ့ ရင်းမိသားစုကို တကယ်တန်း မျက်နှာသာ ပေးသင့်တာပေါ့။ သူ့ကို ရှာရတာ ကြာလေလေ သူက ပိုပြီး အစွမ်းထက်လေလေ ဖြစ်လာနေပြီ။ အခုဆို သူက ပိုအစွမ်းထက်လာတာကြောင့် ထိန်းချုပ်ဖို့ ခက်လာပြီး၊ ရင်း မိသားစု တစ်ခုလုံးက သူ လက်အောက်ကို ခိုလှုံ ချင်နေကြပြီ။"

သူမနဲ့ မျက်နှာခြင်းဆိုင်မှာတော့ ဝူချန်နန် ကော်ဖိခွက်ကို ကိုင်လိုက်ပြီး၊ ဖြည်ဖြည်းချင်းသောနေကာ သူမကို ပြုံးပြီး ပြောလိုက်ပါတယ်။
" မင်းဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ။ သူက ငါတို့ အစီအစဉ်တွေကို အများကြီး အကျိုးသက်ရောက္မှု ရှိနိုင်တယ်။ "

ရင်းဇီ ချောင်းတစ်ချက် ရှင်းလိုက်ပြီး၊ ပြန်ပြောလိုက်ပါတယ်။
" အခုဆို သူက တရုတ်ရဲ့ကံကြမ္မာကို အများဆုံး စုဆောင်းခဲ့ပြီးတဲ့နောက် ရင်း မိသားစုရဲ့ အဓိက သွေးမျိုးဆက်တွေထဲက ခေါင်းဆောင်အများစုက သူ့ကို ရင်း မိသားစုရဲ့ ဆက်ခံသူ ဖြစ်လာစေချင်နေပြီး၊ ရင်း မိသားစုရဲ့ အင်အားစု အားလုံးကို လွှဲပြောင်းပေးချင်နေကြတယ်။ တကယ်လို့ သူက သူ့ကိုယ်သူ ဖော်ထုတ်ပြလာရင်တော့ သူ ရင်း မိသားစုရဲ့ ခေါင်းဆောင်ဖြစ်လာမှာပဲ။ အခြားသူတွေနဲ့ ငါလည်း ရင်း မိသားစုကို ဆက်ခံဖို့ အခွင့်အရေးမရှိ‌ေတာ့ဘူး။

ဒီစကားကို ကြားပြီးနောက် ဝူချန်နန်က ပြုံးပြီး၊ ပြန်ပြောလိုက်ပါတယ်။
  "ငါတို့အနေနဲ့ သူ့ကိုယ်သူ မဖော်ထုတ်ခင်မှာ တစ်ခုခုလုပ်ဖို့ လိုလိမ့်မယ်။ မင်းရဲ့ အဖွဲ့အစည်းကို သန်မာအောင်လုပ်ပြီး၊ မြေပေါ်မှာ အခိုင်အမာ ရပ်တည်ထားဖို့ လိုလိမ့်မယ်။ အဲ့ဒီ့ အချိန်ရောက်လာရင် မင်းအနေနဲ့ စွမ်းအားပါဝါ ပိုရှိလာပြီး၊ အခွင့်အာဏာတွေလည်း ပိုများလာလိမ့်မယ်။ မင်း အနေနဲ့ သူ့လက်အောက် မခိုလှုံဘူးဆိုရင်တောင် မင်းရဲ့ လွပ်လပ်ခွင့်ကိုတော့ စောင့်ရှောက်နိုင်မှာပါ။"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now