အပိုင်း (၁၅၆)

191 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း    ( ၁၅၆ )
Chapter   156          မျိုးနွယ်စု အဆင်တန်ဆာ 

တောက်ပတဲ့ ရွှေရောင် အလင်းတန်း အတွင်းမှာတော့ ကျောက်ဖူ ဓါးကို ကိုင်ကာ မတ်တပ်ရပ်နေခဲ့ပြီး၊ မျက်လုံးတွေကို မှိတ်လိုက်ကာ မျက်နှာကို ကောင်းကင်ဖက် ဖြည်းဖြည်းချင်း မော့လိုက်ပါတယ်။

ကျောက်ဖူရဲ့ခန္ဓာကိုယ်ကိုက အုပ်စိုးနိုင်တဲ့ ရွှေရောင်အလင်းတွေနဲ့ တောက်ပနေခဲ့ပြီး၊ သူ့ရဲ့နှလုံး‌ေတွက ပြင်းပြင်းထန်ထန် ခုန်နေခဲ့ကာ သူ့ရဲ့ သွေးတွေဟာ မြန်မြန်ဆန်ဆန် ဆူပွက်လာခဲ့ပါတယ်။ ကျောက်ဖူကို ကြည့်လိုက်ရင်တော့ ရွှေရောင် အလင်းတန်းအတွင်းမှာ ပဲ့တင်ထပ်နေသလို ရွှေရောင်အလင်း‌ေတွကို စတင်ထုတ်လွှတ်နေပုံရပါတယ်။

ဘုန်း !!!

ဒီအချိန်မှာပဲ ရွှေရောင် အလင်းတန်းက ပိုမို တောက်ပလာခဲ့ပါပြီ။ စွမ်းအားပြည့်ဝနေတဲ့ စွမ်းအင်တွေက ကျောက်ဖူရဲ့ ခန္ဓာကိုယ်ထဲကို  ၀င်‌ေရာက်လာခဲ့ပြီး၊ လေများမရှိပေမယ့် သူ့ရဲ့ရှည်လျားတဲ့ ဆံပင်‌ေတွနဲ့ အဝတ်အစားတွေက လွင့်ပျံ နေခဲ့ပါတယ်။ ဒါက မယုံနိုင်လောက်အောင် ကြီးမားတဲ့ စွမ်းအားတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တာပါ။

ကျောက်ဖူရဲ့ပတ်ဝန်းကျင်က အင်းဆက်တွေ၊ ငှက်တွေ၊ သားရဲတွေဟာ အသံမထွက်ရဲကြတော့ တာကြောင့် ဆိုးဆိုးဝါးဝါးကို တိတ်ဆိတ်ငြိမ်သက် နေခဲ့ပါပြီ။

နောက်ဆုံးမှာ‌ေတာ့ ရွှေ‌ေရာင် အလင်းတွေက စွမ်းအင်တွေဟာ ကျောက်ဖူရဲ့ ခန္ဓာကိုယ်အတွင်း စီးဝင်သွားပြီးတဲ့ နောက္မှာတော့ ရွှေရောင်အလင်းတွေက စတင် မှေးမှိန်လာခဲ့ပါပြီ။ ကျောက်ဖူ သူ့မျက်နှာကို ရှေ့ကို တဖြည်းဖြည်းကြည့်လိုက်ပြီး၊ သူ့မျက်စိ‌ေတွကို ဖွင့်ကာ ရှီဂျင်း ကို ကြည့်‌ေနခဲ့ပါတယ်။ သူ့ရဲ့ သွေးနီရောင် မျက်လုံးတွေက ညကောင်းကင်ယံမှာရှိ‌ေနတဲ့ ကြယ်တွေလို ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းနေတယ်ဆိုတာကို လူတိုင်းမြင်နိုင်လိုက်ကြပါတယ်။

ဘုန်း !!

ကျောက်ဖူရဲ့ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်း‌ေတွ ပေါက်ကွဲထွက်သွားခဲ့ပြီး၊ ကျောက်တုံးတွေကနေ မြက်ပင်၊ သစ်ပင်တွေအထိ အရာအားလုံး ပျောက်ကွယ်သွားခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now