အပိုင်း (၂ )

2.2K 138 3
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂ )
Chapter 2          အမွေအနှစ်စမ်းသပ်မှု

“ တောင်။  သင့်မှာ ဧကရာဇ်သွေးမျိုးဆက်နှစ်ခုရှိနေပါတယ်။ တစ်ခုက မဟာ တန် တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ဖြစ်ပြီး၊နောက်တစ်ခုကတော့  မဟာ ချင် တော်ဝင်မိသားစု ရဲ့သွေးမျိုးဆက်ပဲ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး၊ အမွေအနှစ် စုံစမ်းစစ်ဆေးမှုအတွက် သွေးကြော တစ်ခုကို ရွေးချယ်ပါ။ ”

“ သတိပေးချက်။ အမွေအနှစ် စုံစမ်းစစ်ဆေးမှု ကို တစ်ကြိမ်သာပြုလုပ်နိုင်ပါတယ်။ တကယ်လို့  ကျရှုံးမှု ဖြစ်ပါ်ခဲ့ရင်တော့ အမွေဆက်ခံရန်အရည်အချင်းအားလုံး ပျက်ပြယ်သွားမှာပါ။"

"အမွေအနှစ် စုံစမ်းစစ်ဆေးမှု၊ ဟုတ်လား။
ကြီးကျယ်မြင့်မြတ်သော မဟာ ‌တန် တော်ဝင်မိသားစုဆိုတာ ဘာလဲ။ ကြီးကျယ်မြင့်မြတ်သော မဟာ ချင် တော်ဝင်မိသားစု  ဆိုတာ ဘာလဲ။”

ယခုအချိန်မှာတော့  ကျောက်ဖူ တစ်ယောက်
အညိုရောင်သန်းနေတဲ့ မြူတွေကြားထဲမှာ  မတ်တပ်ရပ်နေခဲ့သည်။ အဲ့ဒီကြေညာချက်ကို သူကြားရတဲ့အခါမှာတော့ သူ ဘာဖြစ်နေလဲဆိုတာကို မသိတာကြောင့် အတော်လေးစိတ်ရှုပ်နေခဲ့သည်။ သူသတိလစ်သွားပြီးနောက် သလင်းကျောက်တုံးကို ကိုင်ပြီး၊ ဒီနေရာမှာ နိုးလာတာကိုပဲ သတိထားမိလိုက်တာပါ။

သူ့အနေနဲ့ ဒီအမွေအနှစ် စုံစမ်းစစ်ဆေးမှု ဆိုတာကို ဘာမှန်းမသိခဲ့ပါဘူး။မဟာ ‌တန် တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်လို့ ကျောက်ဖူ ကြားလိုက်တဲ့အခါမှာတော့ သူ အတော်လေး မခံမရပ်နိုင်ဖြစ်သွားခဲ့ပြီး၊ အံကြိတ်ကာ လက်သီးကို  ကျစ်ကျစ်ပါအောင်ဆုပ်မိလိုက်ခဲ့သည်။ သူ သေသွားခဲ့ရင်တောင် အဲ့ဒီမိုးရွာတဲ့နေ့ကို မေ့မှာ မဟုတ်ပါဘူး။ အဲ့ဒီသွေးမျိုးဆက်အပေါ် မုန်းတီးမှုရွံရှာမူတွေဟာ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြည့်နှက်နေခဲ့လို့ပါ။

လီ မိသားစုဆိုတာက သူသိထားတဲ့ အချက်အလက်တွေအရဆိုရင်တော့ မဟာ ‌တန် တော်ဝင်မိသားစုမှ ဆင်းသက်လာတာဖြစ်ပြီး၊ မဟာ ‌ချင် တော်ဝင်မိသားစုဆိုတာကတော့ သူ့အမေဘက်မှ ဖြစ်သည်။ ဒါကြောင့် ကျောက်ဖူ  မဟာ ‌ချင် တော်ဝင်မိသားစုကို မတွန့်ဆုတ်ဘဲရွေးချယ်ခဲ့လိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now