အပိုင်း (၁၉၃)

210 17 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၉၃ )
Chapter 193        သဘာဝ ဘေးအန္တရာယ်များ

  ကျောက်ဖူဟာ မဟာ ချင်ရဲ့ထင်ရှား ကျော်ကြားတဲ့ နောက်ထပ် အမိန့်ပေးကွပ်ကဲသူ တစ်ဦးကို ရရှိခဲ့တာကြောင့် အတော်လေး ဝမ်းမြောက်နေခဲ့ပါတယ်။ နောက်ထပ် အကြောင်းအရာအချို့ကို ဆွေးနွေးပြီးတဲ့နောက် မှာတော့ သူတို့ဟာ ဆွေးနွေးပွဲကို နိဂုံးချုပ်လိုက်ကြပါတယ်။

ကျောက်ဖူ မဟာ ချင်ရဲ့ မြို့တော်နှလုံးသား ကုဗတုံး ရှိရာနေရာကို သွားလိုက်ပြီး၊ အလယ်အလတ်အဆင့် မြို့တစ်မြို့ဖြစ်လာတဲ့ မဟာ ချင်ရဲ့ အချက်အလက်တေွကို ကြည့်လိုက်ပါတယ်။

ကျေးရွာအမည်:     မဟာ ချင် မြို့ (ဒဏ္ဍာရီ)
အဆင့် -  အလယ်အလတ် (4,890 / 450,000)
ကျေးရွာဧရိယာ:    100 စတုရန်းကီလိုမီတာ
ကျေးလက်ဒေသဧရိယာ : ၂,၁၈၀ စတုရန်းကီလိုမီတာ
နေထိုင်သူများ:    62,950 / 120,000
စစ်မှုထမ်း :      9,640 / 34,000
လူထုထောက်ခံမှု:   85%

ကျေးရွာရဲ့ အထူးအချက်အလက္များ - နယ်မြေဒေသ သီးနှံကြီးထွားမှုနှုန်း + ၈၀%၊ နယ်မြေ‌ေဒသ သီးနှံ စိုက်ပျိုးရန်ကြာချိန် - ၈၀%၊ လူ ဦး ရေကန့်သတ်ချက် + ၆၀%၊ နေထိုင်သူများရဲ့ အခြေအနေများ - ကျပန်း +5၊ စစ်သည်အခြေအနေများ + ၆%၊ လူ ဦး ရေဆွဲဆောင်မှု + ၇၀%၊ ပိုမိုမြင့်မားတဲ့ အဆင့်အတန်းရှိ လူတန်းစား လာရောက်ရန် ဆွဲဆောင်နိုင်မှု  + ၇၀%
လက်အောက်ခံကျေးရွာကန့်သတ်ချက် - ၁၄၂
လက်အောက်ခံကျေးရွာများ - လို့ဂ် ကျေးရွာ၊ ဂျင်း ကျေးရွာ၊ ဒိုရန် ကျေးရွာ၊ လီ မိသားစုကျေးရွာ၊ အရိုင်းဝံပုလွေ ကျေးရွာ၊

မဟာ ချင်မြို့ရဲ့ အချက်အလက်တွေဟာ သာမာန်ထက် တိုးတက်လာခဲ့ပြီး၊ ဒီအချိန်မှာတော့    နောက်ထပ် စစ်သူကြီး ၅ ယောက် ထပ်မံထားရှိနိုင်ခဲ့ပါတယ်။ သဘာဝ ဘေးအန္တရာယ်တွေကို ခုခံနိုင်မှုမှာကလည်း ၇၀% ရှိလာပြီး၊ ၆၀%ကတော့ ကောင်းကင်ဘုံ ဆုတောင်းခြင်း စင်္ကြန်ရဲ့ အချက်အလက်တွေ မြင့်တက်လာမှု့ကြောင့်ပါပဲ။ ဒါ့အပြင် ကမ္ဘာမြေ ဘုရားကျောင်း ကလည်း တိုးတက်လာခဲ့ပါတယ်။ နေထိုင်သူများစွာက အမွှေးတိုင်တွေ နံ့သာပေါင်း‌ေတွကို ထွန်းညှို ယဇ်‌ပူ‌ေဇာ်တာ‌ေတွပြုလုပ်ခဲ့တာ‌ေကြာင့် အဆင့် (၁) ကမ္ဘာမြေ ဘုရားကျောင်း အဖြစ် ဒီလို  မြင့်တာလာခဲ့တာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now