အပိုင်း (၁၉၄)

205 23 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၉၄ )
Chapter   194       သေခြင်းရဲ့ အငွေ့အသက်

ကျောက်ဖူ ကောင်းကင်ဘုံ နိုးထခြင်း စာမျက်နှာဖိုရမ်မှာ လွန်ခဲ့တဲ့ အချိန်‌ေတွထဲကပဲ ဒီလို နယ်စပ်ဒေသတွေမှာ အလွန်ရှုပ်ထွေးပြီး၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေကြောင်း ဆိုတဲ့ ကောလဟာလတွေကို သူကိုယ်တိုင် မျက္မြင် တွေ့ခဲ့ပြီးနောက် ဒီအခြေအနေတွေရဲ့ အတိုင်း အတာကို နားလည်သဘောပေါက်သွားခဲ့ပါပြီ။

ဒီနှစ်ဖက်စလုံးက မီးနှင့်ရေ လိုဖြစ်‌ေနကြပြီး၊ တစ်ဖက်နှင့်တစ်ဖက် အမြဲရန်ဆောင်နေကြတာကို ‌မြင်တဲ့အခါမှာတော့ ကျောက်ဖူ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပါတယ်။ နောက်ဆုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားတဲ့နေရာမှာ အမြတ်အစွန်းအတွက် ကြီးမားတဲ့ အခွင့်အရေးဆိုတာ အမြဲရှိတတ်တာပဲ မဟုတ်ပါလား။

ကျောက်ဖူ သူ့ရဲ့မြေပုံကို ထုတ်ယူလေ့လာခဲ့ပြီး၊ ဗီယက်နမ်နှင့် တရုတ်အကြားရှိ နယ်စပ်ဒေသ ၁၀ ခု အနက် မြောက်ပိုင်းနမ်‌ေဒသ အပါအဝင် ဒေသ ၇ ခုဟာ စည်းတစ်ခုလို ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ မြောက်ပိုင်းနမ်‌ေဒသနှင့် အခြားဒေသ ၆ ခုဟာ တရုတ်နှင့် အကြီးမားဆုံး ဆက်သွယ်မှုရှိနေတာကြောင့်  ကျောက်ဖူ ဒီဒေသတွေမှာ သူ့ရဲ့စီးပွားရေးလုပ်ငန်း‌ေတွ ခြေကုတ်ယူဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။

ကျောက်ဖူ ဒီနေရာမှာ အမြတ်အစွန်းများစွာရဖို့ အတွက်သာမက သူ့အတွက် အလုပ်လုပ်ပေးမယ့်သူတွေ ငှားရမ်းဖို့ အတွက် ငွေအမြောက် အမြားကိုလည်းအသုံးပြုခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူတို့ဟာ အခြားဒေသတွေကို ဝင်ရောက်နိုင်ဖို့အတွက် ပိုမို သော့ဖွင့်(လုပ်ဆောင်) နိုင်ခဲ့ပြီဖြစ်တာကြောင့် မယုံနိုင်လောက်အောင် များပြားလှတဲ့ ငွေ‌ေတွလည်း ရရှိလာခဲ့ပါပြီ။ တခါတရံ သူတို့အနေနဲ့ ဒီပိုက်ဆံ‌ေတွအားလုံးကို ကုန်စင်အောင် မဖြုန်းနိုင်မှာတောင် စိုးရိမ်‌ေနကြရပါတယ်။

  ဒီနေ့ကတော့ လုပ်စရာ ကိစ္စတွေ ပြီးသွားခဲ့ပါပြီ။ ကျောက်ဖူ ဘိုင်ချီနဲ့ အခြားသူတွေကို အစီအစဉ်သစ်‌ေတွနဲ့ အကြံညာဏ်တွေ စုစည်းနိုင်ဖို့ မဟာ ချင်မြို့ကို ပြန်လွှတ်လိုက်ပြီး၊ သူကတော့ ဒီနေရာတွေမှာ အိမ်ခြံမြေတွေနှင့် စားသောက် ဆိုင်‌ေတွ ဖွင့်လှစ်ဖို့ ကျန်နေခဲ့လိုက်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now