အပိုင်း (၁၈၃)

185 18 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၃ )
Chapter   183     အပြစ် နတ်ဆိုး

"မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာလား"  ကျောက်ဖူရဲ့ ပုံရိပ်က မှုန်ဝါးသွားခဲ့ပြီး၊ ချက်ချင်းပဲ ပျောက်ကွယ်သွားပါတော့တယ်။   ကျောက်ဖူရဲ့ပခုံးပေါ်မှာထိုင်နေတဲ့ ပန်းနတ်သမီးသုံးယောက်က အတော်လေး ထိတ်လန့်တုန်လှုပ်သွားပြီး၊ ဒီအခိုက်အတန့်မှာပဲ ပျံထွက်သွားပါတော့တယ်။ ကျောက်ဖူရဲ့ ခန္ဓာကိုယ်ဟာ ၁၀မီတာလောက် အကွာအဝေးမှာ ပြန်ထွက်ပေါ်လာခဲ့ပြီး၊ ကောင်လေးကို ထပ်မံထိုးနှက်လိုက်ပါတယ်။

ဘန်းးး

ကောင်လေးက ကျောက်ဖူရဲ့ လက်သီးချက်ကို မြေပေါ်မှာ လိမ့်ထွက်ရှောင်လိုက်တဲ့အခါမှာတော့ လက်သီးချက်ကြောင့် မြေပေါ်မှာ ချိုင့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ကောင်လေးက မြေပေါ်ကနေ ခုန်ထလိုက်ပြီး၊ ကျောက်ဖူဆီကို ပြေးဝင်လာခဲ့ပြန်ပါတယ်။ သူ့ရဲ့ ပါးစပ်ကိုဖွင့်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ချွန်ထက်တဲ့ သွားတွေက ထွက်ပေါ်လာခဲ့ကာ ဒဏ်ရာရနေတဲ့ ဝံပုလွေလို ကျောက်ဖူကို ကိုက်ဖို့ ကြိုးစားလိုက်ပါတယ်။

ကျောက်ဖူ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး၊ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ကာ ကောင်လေးရဲ့ဗိုက်ကို ဒူးနဲ့တိုက်လိုက်ပါတယ်။ ခပ်အုပ်အုပ်အသံတစ်ချက် တစ်ချက် ထွက်ပေါ်လာခဲ့ကာ ကောင်လေးက နောက်ကိုလွှင့်ထွက်သွားခဲ့ပြီး၊ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

သွေးတစ်လုပ် အန်ထုတ်လိုက်ရပေမယ့် ကောင်လေးက ဒဏ်ရာအပြင်းအထန်တော့ မရခဲ့ပါဘူး။ အဲ့ဒီ့အစား သူက ကျောက်ဖူရဲ့တိုက်ခိုက္မှုကို ဒေါသထွက်‌ေနခဲ့သည်။ ကောင်လေးက အံကြိတ်ခိုက်ကာ တိရစ္ဆာန်တစ်‌ေကာင်လို အော်ဟစ်လိုက်သည်။

နောက်တစ်စက္ကန့်အကြာမှာတော့ ကောင်လေးက အနက်ရောင်တစ်ခုလို မှုန်ဝါးသွားခဲ့ပြီး၊ ကျောက်ဖူဆီ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။ သူရဲ့ လက်သည်း‌ေတွနဲ့တူတဲ့ လက်နဲ့ ကျောက်ဖူကို ဆွဲကုတ်လိုက်တဲ့ အခါမှာတော့ အေးစက်တဲ့ လျှပ်စီးကြောင်း ငါးခုက ဝင်းလက်သွားခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now