အပိုင်း (၁၀)

411 41 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀ )
Chapter 10        နတ်ဆိုးဘုန်းတော်ကြီး

ကျောက်ဖူနှင့် ဘိုင်ချီတို့ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အံ့အားသင့်နေခဲ့ကြသည်။ သူတို့က ဂေါ်ဗလင်တွေဟာ စိတ်ပျက်လက်ပျက် မဖြစ်မှီ/လက်မချော့ခင် ရက်အနည်းငယ်အတွင်း  ဆာလောင်မွတ်သိပ်ခံနေလိမ့်လို့ မျှော်လင့်ခဲ့ကြပေနယ့် ဂေါ်ဗလင်တွေက မမျှော်လင့်ဘဲ ဒီလိုလက်နက်ချလာခဲ့ကြတာကြောင့်ပါ။ ကျောက်ဖူ ပေါ့ပေါ့ပါးပါးပဲ ပြုံးလိုက်ပြီး၊ လက်ခံဖို့ ရွေးချယ်ခဲ့လိုက်သည်။ ဒီအချိန်မှာပဲ သူရဲ့စိတ်ထဲမှာ နောက်ထပ် ဂိမ်းစနစ်ရဲ့ ကြေညာချက်က ထပ်မံထွက်ပေါ်လာခဲ့သည်။

"သင်သည် လို့ဂ် ကျေးရွာရဲ့လက်နက်ချ အညံ့ခံမူကို လက်ခံခဲ့ပါပြီ။ သင်က အောင်မြင်မူရမှတ် ၅၀ ရရှိခဲ့သည်။"

အဲ့ဒီ့‌နောက်မှာတော့ ကျောက်ဖူက သူ့လူတွေကိုကျေးရွာအ၀င်ဝသို့ ခေါ်ဆောင်သွားခဲ့ကာ ဒူးထောက်နေကြတဲ့ ဂေါ်ဗလင်တွေကို ပြောလိုက်သည်။
" မင်းတို့ အားလုံးထနိုင်ပြီ"

ဒီစကားကို ကြားရတဲ့အခါမှာတော့ ဂေါ်ဗလင်တွေအားလုံးဟာ သူတို့မျက်လုံးတွေထဲမှာကြောက်ရွံ့ထိတ်လန့်မှုနှင့်အတူ ဖြည်းဖြည်းခြင်း မတ်တပ်ရပ်လိုက်ကြသည်။ ကျောက်ဖူ ပြောနေတာတွေကို သူတို့နားမလည်နိုင်ကြပေမယ့် သူ့ရဲ့ရည်ရွယ်ချက်ကိုတော့ သူတို့ နားလည်ခဲ့သည်။ အကြောင်းကတော့ အရှင်သခင်တွေမှာ ဘာသာပြန်နိုင်တဲ့ စွမ်းရည်ရှိနေကြတာကြောင့်ပါ။ စိတ်နဲ့ဆက်သွယ်ခြင်း ကျွမ်းကျင်မှုနည်းလမ်းနဲ့ ဆင်တူသော စွမ်းရည်ကြောင့်ပဲ ဖြစ်သည်။ သူတို့ဟာ မတူညီတဲ့ ဘာသာစကားတွေ ပြော‌ေနခဲ့ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ဟာ ရည်ရွယ်ချက်တွေကိုတော့ နားလည်နိုင်ကြသည်။

ဒီအချိန်မှာပဲ သူ့ရှေ့မှာ ဒူးထောက်ထားတဲ့ ဂေါ်ဗလင်အဖိုးကြီးက ပြောလိုက်သည်။

" လို့ဂ် ကျေးရွာ ရဲ့လက်နက်ချမူကို လက်ခံပေးတဲ့အတွက် ကျွန်ုပ်တို့က လေးစားရတဲ့သခင်အား  ကျေးဇူးတင်ပါတယ်။"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now