အပိုင်း (၄၇)

238 30 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၇ )      သူတို့အားလုံးကိုသတ်လိုက်
Chapter 47    

ဒီအချိန်မှာတော့ ကျောက်ဖူ ဒီအော့စ်လူဘီလူးတွေရဲ့ အလောင်းတွေပေါ်မှ မြားတွေကို ပြန်လည်သိမ်းဆည်းဖို့ အမိန့်ပေးခဲ့လိုက်သည်။ အဲ့ဒီနောက် သူက ‌အလောင်းတွေပေါ်မှ ဒဏ်ရာတွေကို ကိုဘိုးလ်တွေ ကိုင်ဆောင်လေ့ရှိတဲ့ အသွားတစ်ဖက်ဓါးတွေ၊ ပစ်လှံတွေရဲ့ လက်ရာတွေပေါ်အောင် ပြုလုပ်ဖို့ ပြောခဲ့လိုက်သည်။

အခြားကျေးရွာ (၃) ရွာမှာ အင်အားအကောင်းဆုံးက ကိုဘိုးလ်ရွာပဲ ဖြစ်သည်။ ဒီကိုဘိုးလ်တွေရဲ့ အင်အားက  (၄၀၀၀) လောက်ရှိနေခဲ့သည်။ သူ့နောက်ကမှ ဂေါ်ဗလင် ကျေးရွာဖြစ်သည်။ ဒီဂေါ်ဗလင် ၅၀၀၀ လောက်ရှိပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေး အင်အားက အားနည်းသည်။ အင်အားအနည်းဆုံး အုပ်စုကတော့  အဲ့လ်ဖ် သစ်တောနေ နတ်သူငယ်တွေကျေးရွာပါ။ အဲ့ဒီရွာက အင်အားအနည်းဆုံးဖြစ်ပြီး၊ အဲ့လ်ဖ် သစ်တောနေ နတ်သူငယ် ၃၀၀၀ လောက်သာရှိနေခဲ့သည်။

ဒီရွာတွေထဲမှာ ကိုဘိုးလ်တွေက အင်အားအကြီးဆုံးဖြစ်နေတာကြောင့် ကျောက်ဖူ သူတို့တွေကို ပထမဆုံး ထောင်ခြောက်ဆင်ပြီး၊ အန္တာရယ်ထဲကို တွန်းပို့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲ့ဒီနောက် သူတို့ရဲ့ အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။ ဒီအချိန်မှာတော့ ဒိုကီက သူ့ရဲ့လက်အောက်ခံ ကိုဘိုးလ်တွေအားလုံးကို ခေါ်ဆောင်သွားခဲ့ပြီး၊ ကျောက်ဖူရဲ့ အမိန့်အတိုင်း အော့စ်လူဘီလူးအလောင်းတွေကို ကိုဘိုးလ် ကျေးရွာဆီသွားတဲ့ လမ်းတစ်လျောက် ဆွဲယူသွားခဲ့ကြသည်။ အဲ့ဒီနောက် လမ်းကြောင်းတစ်လျှောက်မှာ အော့စ်လူဘီလူး အလောင်းတွေကို ပစ်ထားခဲ့လိုက်ကြသည်။

အော့စ်လူဘီလူးကျေးရွာ အတွင်းမှာတော့....

“ အရေးပေါ်။ ကိုဘိုးလ်တွေက အော့စ်လူဘီလူး အလောင်းတွေကို အနောက်ဘက်ကို ဆွဲထုတ်သွားတာကို ကျွန်တော်တွေ့လိုက်ရတယ်။ ”

ကျေးရွာအဝင်အဝမှာ စောင့်ကြပ်နေကြတဲ့ အော့စ်လူဘီလူး တချို့က သူတို့ရွာထဲကို ပြေးဝင်သွားခဲ့ကြပြီး၊ ရုတ်တရက်ဆိုသလို အော်ဟစ်လိုက်ကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now