အပိုင်း (၁၉၆)

246 28 2
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၉၆ )
Chapter 196         ဘုရင့်အစောင့်တပ်ဖွဲ့အလုပ်အကိုင်

အခုအချိန်မှာတော့ မဟာ ချင်ရဲ့ စစ်သည်အများစုဟာ ကျင့်ကြံမှု အဆင့် ၁ ရောက်နေတဲ့သူဟာ အနည်းစုဖြစ်ပြီး၊ စစ်သည်အများစုကတော့ ကျင့်ကြံမှု အဆင့် ၀ -၇ ကနေ အဆင့် ၀ -၈ အထိသာ ရှိကြပါတယ်။ ဒီ ‌နတ်ဘုရား သွေးဆေးလုံးတွေနဲ့ဆိုရင်တော့  ကျောက်ဖူ အဆင့် ၁ စစ်သည်အဖွဲ့ တစ်ဖွဲ့ကို မယုံနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ ဖွဲ့စည်းနိုင်တော့မှာပါ။

အခုအချိန်မှာ သူ့အနေနဲ့ လုပ်ဖို့ အရေးကြီးဆုံးအရာကတော့ အဆင့် ၁ အလောင်းတွေအမြောက်အများကို စုဆောင်းရရိှဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သွေးဆေးလုံး‌ေတွဟာ အလောင်းတွေကို သန့်စင်ပြီးမှသာ ရရှိတာဖြစ်လို့ပါပဲ။  တစ်ချိန်တည်းမှာပဲ အလောင်းတွေကို သန့်စင်ဖို့ စွမ်းအင်ကျောက်တုံးတွေ အမြောက်အများလည်း လိုပါသေးတယ်။ အဆင့် ၁ အလောင်း‌ေတွကို သန့်စင်ဖို့ဆိုရင်တော့ ရွှေဒင်္ဂါး ၁၀၀ လောက်တန်တဲ့ စွမ်းအင်ကျောက်တုံး ဆယ်တုံးလောက် လိုပါတယ်။ အဆင့် ၁ အလောင်း ဆယ်လောင်းကို သန့်စင်ဖို့ ဆိုရင်တော့ ကျောက်ဖူအနေနဲ့ ရွှေဒင်္ဂါး ၁၀၀၀ ကုန်ကျမှာပါ။

  အခုချိန်မှာတော့ ကျောက်ဖူ ပြဿနာကြီး တစ်ခုနဲ့ ရင်ဆိုင်ရပါပြီ။ အဓိကမြို့ကြီးတွေမှာသာ ဒီလို အဆင့် ၁ အလောင်းတွေကို ရရှိနိုင်ပြီး၊ အရေ အတွက် များများရရှိဖို့တော့ လွယ်ကူမှာ မဟုတ်လို့ပါပဲ။ သူ့အနေနဲ့ မြို့အစောင့်စစ်သည်များစွာကို သတ်ဖြတ်နိုင်ပေမယ့် အဲ့ဒီလိုနေရာမှာ သူ ကြာကြာမနေနိုင်ပါဘူး။ တကယ်လို့ ကြာကြာသာ နေခဲ့ရင်တော့ နောက်ထပ် ကြီးကျယ်တဲ့ တိုက်ပွဲတစ်ခု ထပ်မံပေါ်ပေါက်လာနိုင်လို့ပါပဲ။

ဒါ့အပြင် ကျောက်ဖူ သူ့ရဲ့ နိုင်ငံတော် အဆင်တန်ဆာကို ဒီအချိန်မှာ မသုံးရဲ‌ေသးပါဘူး။ ယခင်တိုက်ပွဲပြီးကတည်းက မဟာ ချင်ရဲ့ ကံကြမ္မာဟာ အပြည့်အဝ ပြန်လည်မကောင်းမွန်သေးလို့ပါ။

တိုက်ပွဲမြို့တော်လို မြို့တွေကသာ သူ့အနေနဲ့ အဆင့် ၁ အလောင်း ၁ တွေကို အလွယ်တကူ ရရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာတွေကလည်း သူ လိုချင်တဲ့ အရေအတွက်ကို မရရှိနိုင်လို့ပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now