အပိုင်း (၇၁)

252 27 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၇၁ )
Chapter 71       သန့်ရှင်းသော အလင်းကွင်း 

ကုန်းစွန်းလင်း အာရုံပြန်ဝင်လာပြီး၊ ပြန်ပြောလိုက်ပါတယ်။ “ ရှင် ကျမကို ပန်းပဲဖိုတစ်ခု ရှာပေးနိုင်မယ်ဆိုရင် ရှင့်အတွက် ပစ္စည်းကိရိယာ လုပ်‌ေပးမယ်။ ဒါပေမယ့် ကျမရဲ့မြန်နှုန်းက တော်တော်‌ေလး နှေးတယ်၊ ​​ဒါကြောင့် အချိန်တော့ပေးရမယ်။ ”

ကျောက်ဖူ ခေါင်းညိတ်လိုက်ပါတယ်။ ကစား သမားတစ်ယောက်အတွက် ရွှေအဆင့် ပစ္စည်းကိရိယာတွေ ဖန်တီးဖို့ ခက်ခဲလိမ့်မယ်ဆိုတာကို နားလည်ပါတယ်။ ဒါကြောင့် သူ အချိန် စောင့်နိုင်ပါတယ်။ အဲ့ဒီနောက် သူမအတွက် ပန်ပဲဖို ရှာဖို့ လုပ်ခဲ့ပါတယ်။

“ ဒါနဲ့ စကားမစပ်၊ ဘယ်ပစ္စည်းကိရိယာမျိုးကို လိုချင်တာလဲ။ ဒီကမ္ဘာ့မြေမာ ကျောက်တုံးက လက်နက်ကြီးတွေနဲ့ ဒိုင်းတွေလုပ်ဖို့ ကောင်းတ ယ်။” ဆိုပြီး ကုန်းစွန်းလင်းက ပြောလာခဲ့ပါတယ်။

ကျောကဖူ ရပ်တန့်ပြီး၊ ခဏ စဉ်းစားလိုက်ပါတယ်။ ကမ္ဘာ့မြေမာ ကျောက်တုံးက ကြီးမားတဲ့ လက်နက် တွေ၊ ဒိုင်းတွေ လုပ်ဖို့ သင့်တော်နေတယ်၊ မဟုတ်ပါလား။ သူ့လက်အောက်ငယ်သားတွေက ကြီးမားတဲ့ လက်နက်တွေကို မစုံးတာကြောင့် ဒိုင်း၊လွှား တွေလုပ်တာက ပိုကောင်းမှာပါ။ သူ့အ‌ေနနဲ့ နတ်ဘုရားစိတ်ဝိညာဉ် ကိုယ်ပွားနဲ့ တိုက်ခိုက်ဖို့ရိှတဲ့အတွက် ရွှေအဆင့် ဒိုင်း ရှိ‌ေနတာက သူတို့အတွက် တိုက်ပွဲမှာ ပိုအသုံးတည့်နိုင်ပါတယ်။

ဆုံးဖြတ်ချက်ချပြီးတဲ့နောက္ ကျောက်ဖူ သူမကို ဒိုင်း၊လွှား လုပ်ဖို့ ပြောလိုက်ပြီး ပန်းပဲဖို ငှားခဲ့လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရွှေ အဆင့်  ပစ္စည်းကိရိယာတွေ လုပ်ဖို့ အခြားလိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ၀ယ်ခဲ့လိုက်ပါတယ်။ အဲဒါတွေကတော့ ရွှေအဆင့် ပစ္စည်းကိရိယာ တွေကိုအရည်ကြိုတဲ့‌အခါ မှာသုံးတဲ့ ပစ္စည်းတွေပါပဲ။

အဲ့ဒီ့နောက် ကျောက်ဖူ မဟာ ချင် ကျေးရွာကို ပြန်သွားခဲ့ပြီး၊ A-အဆင့် ကျွမ်းကျင်မှုစွမ်းရည်စကေး သန့်ရှင်းသောအလင်းကွင်းကို ဒေစီ ကို ပေးဖို့ စဉ်းစားလိုက်ပါတယ်။ သူမက အဲ့လ်ဗန် နတ်ဆရာမ ဖြစ်ပါတယ်။ သူမမှာ မြင့်မားတဲ့အသိဉာဏ်ရှိ‌ေနပြီး၊ ဒီသန့်ရှင်းသော အလင်းကွင်း စွမ်းရည်စကေးတွေကို အသုံးပြဖို့ သင့်တော်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now