အပိုင်း (၁၁၁)

215 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၁ )
Chapter 111            လေဟာနယ် (ဟင်းလင်းပြင်) စွမ်းအင်

ဒီကိစ္စတွေကို နာရီအနည်းငယ်‌ေလာက် ဆွေးနွေးလိုက်ပြီးနောက် သူတို့ဟာ မဟာ ချင် ကျေးရွာအတွက် အခြေခံသွားရမယ့် လမ်းကြောင်းတွေကို အစီအစဉ်တွေ လုပ်ခဲ့ပါတယ်။ ဒီကိစ္စကို ဆွေးနွေးတာ မပြတ်သေးတဲ့အတွက် အနာဂတ်မှာ ဆက်ဆွေးနွေးမယ်ဆိုပြီး၊ ထားခဲ့လိုက်ကြပါတော့တယ်။

အဲ့ဒီ့နောက် ကျောက်ဖူ ပြင်ပ ဒေသတွေကို ထွက်ခွာဖို့ ပြင်ဆင်ခဲ့ပါတယ်။ အလယ်အလတ်အဆင့် တယ်လီပို့ ဆက်သွယ်ရေးလမ်းကြောင်း‌ေတွဟာ လူ ၅၀ ကို တစ်ပြိုင်နက်တည်း ခေါ်ဆောင်သွားနိုင်တာကြောင့် ကျောက်ဖူ ခြေလျင်စစ်သည် ၁၅ယောက်၊ ဒိုင်းကိုင် စစ်သည် ၁၅ယောက်နဲ့ လေးသမား ၁၀ယောက်ကို ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြင်းတွေကိုလည်း တစ်နေရာစာ သတ်မှတ်ထားတာကြောင့် ကျောက်ဖူ မြင်းစီးသူရဲတွေကို မခေါ်ဆောင် နိုင်ခဲ့ပါဘူး။

ကျန်တဲ့ ၁၀ ယောက်အတွက်ကတော့  ကျောက်ဖူ အလယ်အလတ် အဆင့် တယ်လီပို့ဆက်သွယ်ရေးလမ်းကြောင်း‌ေတွကို တည်ဆောက်တတ်တဲ့ ပညာရှင် ၅ ယောက်ကို ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ထပ်ကတော့ ဘိုင်ချီ၊ ဒေစီ၊ ဒိုကီတို့နဲ့ ကျောက်ဖူ အနာဂတ်မှာပြုစုပျိုးထောင်ဖို့အတွက် ဂတ်လီဆိုတဲ့ အော့စ်တစ်ကောင်ကိုပါ ခေါ်ဆောင်သွားဖို့ ရွေးလိုက်ပါတယ်။ သူက ကျောက်ဖူ ရွှေအဆင့် ဒိုင်းဖြစ်တဲ့ သူရဲကောင်း ဒိုင်းကို ပေးထားခဲ့တဲ့သူပါ။

  ပြင်ဆင်မှုတွေ လုပ်ဆောင် ပြီးတဲ့နောက် ကျောက်ဖူ တယ်လီပို့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို သူ ယခင် အော့စ်မြို့တော်ကို သွားရှာတုန်းကလိုပဲ မြောက်ဘက်ကို သွားဖို့ ရွေးခဲ့ပါတယ်။ အကြောင်းကတော့ မဟာ ချင် ကျေးရွာနဲ့ အနီးဆုံးဖြစ်တဲ့ ချိုင့်ဝှမ်းငယ် ဒေသက  အဲ့ဒီ့ဘက်မှာ ရှိနေလို့ပါပဲ။

   သူတို့ ရှေ့မှာ ရှိ‌ေနတဲ့ မြင်ကွင်းက မှုန်ဝါးသွားခဲ့ပြီး၊ ကီလိုမီတာ ၅၀၀၀ ခန့် အကွာအဝေး ရှိတဲ့ နေရာတစ်ခုမှာ သူတို့ ထွက်ပေါ်လာခဲ့ပါပြီ။ အရင်ကလိုပဲ သူတို့ဟာ လျှို့ဝှက်ပြီး၊ ဖုံးကွယ်ထားနိုင်တဲ့ နေရာတစ်ခုမှာ တယ်လီပို့ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကုိ တည်ဆောက်ထားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ နောက်ထပ် အကြိမ် ၂၀လောက်ကို ထပ်ခါ ထပ်ခါ လုပ်ခဲ့ပြီး၊ ခရီး ဆက်ခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now