အပိုင်း (၆၉)

224 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၉ )
Chapter 69        အချုပ်အခြာအာဏာ ဓါး

လှပတဲ့ အမျိုးသမီးက လေလံဆွဲဖို့ ထပ်မံဖိတ်ခေါ်ခဲ့ပေမယ့်  VIP ခန်းကလွဲရင် ဘယ်သူမှ လေလံဆွဲဖို့ ဆန္ဒမရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့  A- အဆင့် သန့်ရှင်းသော အလင်းကွင်း စွမ်းရည်စကေးကို ကျောက်ဖူ ရရှိခဲ့သည်။

နောက်လာမယ့် လေလံတင်ပစ္စည်းကို မကြည့်မီလူတိုင်းက ကျောက်ဖူကို မနာလိုမူတွေ၊ အားကျမူတွေနဲ့ ကြည့်နေခဲ့ကြသည်။

ကျောက်ဖူ လာမည့်ပစ္စည်းအနည်းငယ်ကိုတော့ လေလံကြေး ဝင်မပေးခဲ့ပါဘူး။ ဂိမ်းစနစ်ရဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ အင်အားကြီးမူတွေကို ထုတ်ပြခဲ့ကြသည်။ ကစားသမားတွေကို ဆွဲဆောင်နိုင်တဲ့ များပြားလှတဲ့ ပစ္စည်းကိရိယာ(Items) တွေကို ဂိမ်းစနစ်ရဲ့အဖွဲ့အစည်းတွေက စျေးနှုန်းကြီးမြင့်စွာပေးပြီး၊ ဝယ်ယူသွားခဲ့ကြသည်။

  ဒီလိုနဲ့ပဲ ကျောက်ဖူ နောက်ထပ်‌ လေလံပစ္စည်း ၂၀ မှာ မပါဝင်ခဲ့ဘဲ ထောင့်မှာပဲနေပြီး၊ တိတ်ဆိတ်စွာ ရပ်စောင့်နေခဲ့သည်။ လူတိုင်းရဲ့ အာရုံစိုက်မှုတွေက ဂိမ်းစနစ်ရဲ့အဖွဲ့အစည်းတွေဖက် ပြန်လှည့်သွားခဲ့တာ ကြာပါပြီ။

လေလံပွဲရဲ့ အဆုံးကို စတင်ရောက်ရှိခဲ့ပါပြီ။နောက်ဆုံး လေလံ ပစ္စည်းကိရိယာ အနည်းငယ်ကို ဖြည်းဖြည်းချင်းပဲ ထုတ်ပြနေခဲ့သည်။

ဒီပစ္စည်းကိရိယာတွေထဲက ပထမတစ်ခုကတော့သတ္တုရိုင်းလို ကျောက်တုံးဖြစ်သည်။ လက်သီးတစ်ဆုပ်စာ လောက်လောက်ကြီးမားပြီး၊ အဝါရောင် အလင်း ‌ထွက်ပေါ်နေပါတယ်။ ဒီအရာက လက်သီးတစ်ဆုပ်စာလောက်သာကြီးပေမယ့် ဒီကျောက်တုံးကို ထမ်းဖို့ လူလေးယောက် လိုအပ်ခဲ့ပါတယ်။ ဒီပစ္စည်းဘယ်လောက်လေးလံတယ်ဆိုတာ ဖော်ပြနေတာပါ။

လှပတဲ့ အမျိုးသမီးက ပြောလိုက်သည်

“ ဒီဟာလေးက ကမ္ဘာ့မြေမာ ကျောက်တုံး လို့ခေါ်ပါတယ်။ ရွှေအဆင့် သတ္တူပစ္စည်းပါ။ ရွှေအဆင့် ပစ္စည်းကိရိယာတွေ လုပ်တဲ့နေရာမှာ သုံးပါတယ်။  ကြမ်းခင်းဈေးက ငွေဒင်္ဂါး ၃၀၀၀၀၀ ပါ။ ”

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now