အပိုင်း (၉၁)

219 30 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၉၁ )
Chapter 91       ယဇ်ပူဇော်ခြင်း အခမ်းအနား

နံနက်စောစောမှာ‌ေတာ့ မိုးကုပ်စက်ဝိုင်းပေါ် ကနေအလင်းကဖြာထွက်လာပြီး၊ လေ‌ေပြ အေး‌ေလး‌ေတွက တိုက်ခတ်နေခဲ့ပါတယ်။  ကောင်းကင်ပြာပြာမှာတော့ လက လုံးဝပျောက်ကွယ် မသွားသေးပါဘူး။

မဟာ ချင် ကျေးရွာမှာ နေထိုင်သူတွေ အားလုံး အလံ အနည်းငယ်စိုက်ထားတဲ့ ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြံ အဆောက်အဦကို ရောက်လာခဲ့ကြပါပြီ။ လှေကားထစ်‌ေတွမှာ‌ေတာ့ ကောဇောနီခင်းထားပြီး၊ ရဲရင့်တဲ့ ပုံစံရှိတဲ့ စစ်သည်တွေက ဘေးနှစ်ဖက်မှာ နေရာ ယူထားကြပါတယ်။း

"ဘုရင်မင်းမြတ် ရောက်ရှိ လာပါပြီ!"

ဒီလို ကျယ်လောင်ပြီး၊ စူးရှရှင်းလင်တဲ့ အသံထွက်ပေါ်လာတာကြောင့် နေထိုင်သူတွေနဲ့ စစ်သည်တွေ အားလုံး ဒူးထောက် အရိုအသေပေးလိုက်ကြပါတယ်။ ကျောက်ဖူ သူ့ရဲ့ အနက်ရောင် ရွှေနဂါး သရဖူနဲ့ အနက်ရောင် ရွှေနဂါးဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး၊ ဧကရာဇ်မင်းရဲ့ အရှိန်အဝါစွမ်းအားကို ထုတ်လွှတ်နေခဲ့ပါတယ်။ကျောက်ဖူ နောက္မှာတော့ လိစီနဲ့ သူ့ လက်အောက်ငယ်သားတွေ လိုက်ပါလာခဲ့ကြပါတယ်။

ကျောက်ဖူ လှေကားထစ်တွေကို ဖြည်းဖြည်းချင်းပဲ စပြီး လှမ်းတက်တဲ့အခါမှာ‌ေတာ့ လိစီနဲ့ သူ့လက်အောက်ငယ်သားတွေ ဒူးထောက်လိုက်ကြပါ‌ေတာ့တယ်။

ကျောက်ဖူ တစ်ကြိမ်ကို ခြေလှမ်းတစ်လှမ်းပဲ လှမ်းတက်သွားပြီး၊ သူ့ရဲ့စိတ်နှလုံးတွေဟာလည်း မယုံနိုင်လောက်အောင် ကြည်လင်နေခဲ့ပါတယ်။  ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြံ ပေါ်မှာ စားပွဲတစ်လုံး ရှိ‌ေနခဲ့ပါတယ်၊၊ ဒီစားပွဲပေါ်မှာတော့ ဖယောင်းတိုင်တွေ၊ အမွေးတိုင်တွေ၊ နံ့သာပေါင်းမီးရှို့စရာတွေနဲ့ ပူဇော်ပသထားတာ‌ေတွ ရှိနေခဲ့ပါတယ်။

ကျောက်ဖူ  ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြံ ရဲ့ ထိပ်ကို ရောက်တဲ့အခါ ရွှေရောင်နေလုံးဟာ အရှေ့ဖက်ကနေ ဖြည်းဖြည်းချင်း ထွက်‌ေပါ်လာပြီး၊ အမှောင်ထုအားလုံးကို ထိုးဖောက်ဝင်ရောက် ဖယ်ရှားသွားခဲ့ပါပြီ။  ရွှေ‌ေရာင်နေရောင် ခြည်က ကျောက်ဖူရဲ့ ခန္ဓာကိုယ်ပေါ် ကျဆင်းလာတဲ့အခါ သူဟာ ရွှေရောင် အလင်းနဲ့အတူ တောက်ပပြီး၊ ခမ်းနားနေပုံဟာ နတ်ဘုရားတစ်ပါးလိုပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now