အပိုင်း (၁၄)

342 37 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄ )
Chapter 14       အရိုးစု ဓါးသမား 

နာရီအနည်းငယ်အကြာမှာတော့ သူတို့တွေဟာ မြေပြင်ကို ၁၀ မီတာ‌ (ပေ ၃၀) အနက် လောက် တူးပြီးတဲ့အခါမှာတော့ မီတာ ၁၀၀(ပေ၃၀၀) လောက် ကျယ်တဲ့ မြေအောက်ဥမင် (လှိုဏ်ခေါင်း) တစ်ခုကို တွေ့ရှိသွားခဲ့သည်။ ဒီဥမင်နဲ့ချိတ်ဆက်ထားတဲ့ ဥမင်လိုဏ်ခေါင်း အသေးလေးတွေက အများကြီးရှိနေခဲ့သည်။ မြေပြင် ပေါ်မှ ကြီးမားတဲ့ အက်ကြောင်းကြီးကြောင့် ဒီလိုဏ်ဂေါင်းရဲ့သုံးပုံတစ်ပုံကတော့ ပျက်စီးသွားခဲ့ပါပြီ။

နွမ်စ် (မြေအောက်နေ လူပု) အချို့ရဲ့ မျက်နှာတွေပေါ်မှာ အဲ့ဒီအက်ကွဲကြောင်းကြီးကို ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုကို တွေ့လိုက်ရလို့ ကြည့်နေတာမျိုးကို ကျောက်ဖူ မြင်တွေ့လိုက်ရသည်။ နွမ်စ် (မြေအောက်နေ လူပု) တွေဟာ ကျောက်ဖူနှင့် သူ့လူတွေကို တွေ့လိုက်ရတဲ့အခါမှာတော့ သူတို့က နာခံမှုရှိရှိနဲ့ လက်နက်တွေကို ချလိုက်ကြပြီး၊ မြေပေါ်မှာ ဒူးထောက်လိုက်ခဲ့ကြသည်။ အဓိပ္ပါယ်ကတော့  လက်နက်ချအညံ့ခံတယ် ဆိုတာပါ။

သက်ကြီးရွယ်အို နွမ်စ် (မြေအောက်နေ လူပု)တွေထဲက တစ်ယောက်က ကျေးဇူးတင်နေတဲ့ အမူအရာနဲ့ ပြောလိုက်သည်။

"လေးစားရတဲ့ အရှင်၊ ကျွန်တော်တို့ရဲ့ လက်နက်ချမူကို လက်ခံပြီး၊ ကျွန်တော်တို့ကို  ကယ်တင်ဖို့ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ကျောက်ဖူ က နွမ်စ် (မြေအောက်နေ လူပု) တွေက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ကြသည်။ ဒါပေမဲ့ အကြီးအကဲ ပြောတာကို ကြားလိုက်တဲ့အခါမှာတော့ သူက အဲဒီကိစ္စကို  မေ့ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။ သူတို့က ဒီအချိန်မှာ သူရဲ့လက်အောက်ခံတွေ ဖြစ်လာခဲ့ပြီ ဖြစ်တာကြောင့် သူတို့က ဆက်လက် ဆန့်ကျင်တော့မှာ မဟုတ်တော့ပါဘူး။ အဲ့ဒီနောက် ကျောက်ဖူ ပြောလိုက်သည်။

" အားလုံး ထကြပါ။"

ကျောက်ဖူ သူတို့ကို ဒေါသမထားကြောင်းနှင့် သူတို့ရဲ့ အစောပိုင်းခုခံမှုတွေကို ခွင့်လွှတ်ပုံရ‌တဲ့ အတွက် နွမ်စ် (မြေအောက်နေ လူပု) တွေက သက်ပြင်းချကာ မတ်တပ်ထရပ်လိုက်ခဲ့ကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now