အပိုင်း (၃)

1.3K 82 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃ )
Chapter 3   ကျေးရွာရဲ့ အခြေအနေ

  အဲ့ဒီအဆောက်အဦတွေ ထွက်ပေါ်လာပြီးနောက် မှာတော့ ကျောက်ဖူရဲ့ ရှေ့မှာ လူ ၅ ယောက် ထွက်ပေါ်လာခဲ့သည်။ သူ့ရှေ့တွင်ရပ်နေသောလူတွေထဲ နှစ်ယောက်ဟာ လူငယ်လေးတွေဖြစ်ကြသည်။ သူတိုထဲမှတစ်ယောက်က အေးစက်စက်ပုံစံရှိကာ ရုပ်ရည်က ခပ်ဖြောင့်ဖြောင့် ပုံစံရှိနေခဲ့သည်။ နောက်တစ်ယောက်ကတော့ သန့်ရှင်းပြီး၊ ယဉ်ကျေးတဲ့ ပုံစံရှိနေခဲ့သည်။

သူတို့နောက်မှာတော့ ယောက်ျားနှစ်ယောက်နှင့်မိန်းမတစ်ယောက်တို့ ရှိနေကြသည်။ ယောက်ျားနှစ်ယောက်ထဲမှ တစ်ယောက်ကတော့ ဗလတောင့်တောင့်နှင့် ပန်းပဲသမားပုံစံပေါက်နေခဲ့သည်။ အခြားတစ်ယောက်ကတော့ ဆေးဝါးဖော်စပ်တဲ့  ဝတ်ရုံရှည်ကို ဝတ်ဆင်ထားခဲ့သည်။ ကျန်တဲ့အမျိုးသမီးကတော့ အတော်လေးလှပတာကြောင့် သူမဟာ အပ်ချုပ်ဆိုင်ပိုင်ရှင် ဖြစ်နိုင်ဖွယ်ရှိသည်။

"အရှင်မင်းမြတ်ကို နှုတ်ဆက်ပါတယ်။"

အဲ့ဒီလူငါးယောက်ဟာ ထွက်ပေါ်လာပြီးနောက် အတော်လေး အံ့အားသင့်သွားပုံရနေခဲ့ကြသည်။ ဒါပေမယ့်လည်း သူတို့က နှုတ်ဆက်ပြီးတာနဲ့ တစ်ပြိုင်နက် ဒူးညွှတ် အရိုအသေပေးခဲ့လိုက်ကြသည်။

ကျောက်ဖူ မဟာ ချင်ရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့ခြင်းအားဖြင့် မဟာ ချင် တော်ဝင် မျိုးနွယ်ရဲ့ အရှင်သခင် ဖြစ်လာခဲ့တာပါ။ အဲ့ဒီနောက် သူက အေးအေးဆေးဆေးနဲ့ ပြန်ပြောခဲ့လိုက်သည်။
 
"အားလုံးထကြပါ”

အဲ့ဒီလူငါးယောက်လုံးက မတ်တပ်ပြန်ရပ်လိုက်ကြသည်။

ကျောက်ဖူ သူတို့ရဲ့အခြေခံ အချက်အလက်တွေကို ဖတ်ကြည့်လိုက်ခဲ့သည်။ သူ့ရှေ့မှာရှိနေတဲ့ အေးစက်စက်ပုံစံနဲ့ ရုပ်ရည်ခပ်ဖြောင့်ဖြောင့် လူငယ်လေးကတော့....

အမည် - ဘိုင်ချီ

အဆင့် - SSS

ဘွဲ့၊ ဂုဏ်ပုဒ်:   [သတ်ဖြတ်ခြင်းနတ်ဘုရား]
ဘွဲ့၊ ဂုဏ်ပုဒ်အကျိုးသက်ရောက်မှု:  စွမ်းအား အားလုံးရဲ့ +၁၀%  ထပ်ပေါင်း၊ စွမ်းရည်နှင့် ရန်သူများကို ကြောက်ရွံ့စေခြင်းနှင့် ရန်သူများရဲ့ တိုက်ပွဲဝင်စွမ်းအားကို လျော့ချစေပြီး၊ မိမိတပ်ဖွဲ့မျာ ရဲ့ စိတ်ဓါတ် တက်ကြွမှုကို တိုးတက်လာစေခြင်း

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now