အပိုင်း (၄၈)

255 29 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၈ )
Chapter 48     အဲ့လ်ဖ် သစ်တောနေ နတ်သူငယ်များ

အဆောက်အအုံတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို  ကျောက်ဖူ စောင့်ကြည့်နေခဲ့ပြီး၊ ဒီတိုက်ပွဲပြီးဆုံးသွားပြီဆိုတာကို သူ နားလည်ခဲ့လိုက်သည်။ အဲ့ဒီနောက် သူက သူ့လူတွေကို ပြန်ဆုတ်ခွာဖို့ အမိန့်ပေးခဲ့လိုက်သည်။ အဲ့ဒီအခြေအနေကြောင့် ကိုဘိုးလ် အကြီးအမူးချုပ်က အံဩသွားခဲ့သည်။ အခုချိန်မှာတော့ သူတို့တွေအနေနဲ့ အော့စ်လူဘီလူးတွေကိုပဲ ခုခံကြရတော့မှာပါ။ ကိုဘိုးလ် အများစုနဲ့ ခုခံကြရရင်တော့ ထွက်ပြေးသူတွေကို လွတ်မြောက်ဖို့အတွက် အချိန်ပိုပေးနိုင်တော့မှာပဲဖြစ်သည်။

ဒီအချိန်မှာတော့ ကိုဘိုးလ် အကြီးအမှုးချုပ်က သူရဲ့ ကြီးမားတဲ့ အသွားတစ်ဖက်ဓါးကြီးကို ဆွဲထုတ်လိုက်ပြီး၊ အော့စ်အကြီးအကဲ အိုဒီးစ်နဲ့ တစ်ယောက်ချင်း ရင်ဆိုင်ဖို့ ထွက်လာခဲ့လိုက်သည်။

"ကိုဘိုးလ် ရွာကို လူသားတွေနဲ့ ပေါင်းပြီး၊ မင်းက ဘာလို့ ဖျက်ဆီးရတာလဲ"

ကိုဘိုးလ် အကြီးအမှုးချုပ်က အော်ဟစ်ပြီး၊ အိုဒီးစ်ကို သူ့ရဲ့ အသွားတစ်ဖက်ဓါးနဲ့ ခုတ်ချလိုက်ခဲ့သည်။

“ မင်းကရော ငါ့ညီကို ဘာလို့သတ်တာလဲ” 

အိုဒီးစ် ပြန်အော်လိုက်ကာ ကိုဘိုးလ်အကြီးအမှုးချုပ်ကို မုန်းတီးစွာနဲ့ ကြည့်နေခဲ့သည်။

သူတို့ရဲ့ အပြန်အလှန်ပြောဆိုနေတာဟာ သနားဖို့တောင် ကောင်းနေခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက တစ်ယောက်စကား တစ်ယောက် နားမလည်ကြတာကြောင့်ပါ။ ဒီအချိန်မှာ သူတို့နားလည်ထားတာက တစ်ခုပဲရှိနေခဲ့သည်။ ရှေ့မှာရှိတဲ့ ရန်သူကို သတ်ပစ်ဖို့ပါပဲ။ နောက်ကွယ်က ကြိုးကိုင်တဲ့သူကို ရှာဖို့ကိုတော့ သူတို့တွေ အတွေးမရှိခဲ့ပါဘူး။

ကျောက်ဖူအနေနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုဘိုးလ်တွေကို သတိထားမိလိုက်သည်။ နောက်ကို ပြန်ကြည့်လိုက်တော့ သွေးသံရဲရဲ ဖြစ်နေတဲ့ ကိုဘိုးအကြီးအမှူးချုပ်ကို တွေ့လိုက်သည်။ အကြီးအမှူးချုပ်သည် ကိုဘိုးလ်အချို့ လွတ်မြောက်ဖို့အတွက် သူ့ကိုယ်သူ စတေးဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပုံပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now