အပိုင်း (၁၃၂)

201 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃၂ )
Chapter 132                  ဓါးနတ်ဆိုး

ဘန်း

   ခပ်အုပ်အုပ် အသံတစ်ချက်က  'မကောင်းဆိုးဝါး အာဏာရှင်'ရဲ့ ခန္ဓာကိုယ်က မြေပြင်‌ေပါ်ကို ဒူးတစ်ဖက် ထောက်ကျသွား တဲ့ အချိန်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ့နောက် သူ့ခန္ဓာကိုယ်မှ သွေးတွေက မြေပေါ်စီးသွားခဲ့ပါပြီ။      မသေဆုံးမီက သူ့ရဲ့ အမှုအရာတွေက မယုံနိုင်‌ေလာက်တဲ့သူက သူကိုသတ်ခဲ့တယ်ဆိုတာ ဖော်ပြနေခဲ့ပါတယ်။ ကျင့်ကြံမှု ရက်အနည်းငယ်လောက်ပဲ ရှိသေးတဲ့သူတစ်ဦးရဲ့ လက္မှာ သူ သေဆုံးသွားခဲ့ရတာပါ။

ပရိတ်သတ်တွေ အားလုံးကလည်း မယုံနိုင်လောက်အောင် အံ့အားသင့်သွားခဲ့ကြပါတယ်။  သူတို့တွေ့လိုက်သမျှအားလုံးကတော့ ဂီနီယာက သူ့လက်ကို မြှောက်လိုက်တဲ့အခါ သူ့ဓါးကနေ စက်ဝိုင်းခြမ်းပုံအလင်းတစ်ခု ထွက်သွားပြီး၊ အရာအားလုံးပြီးဆုံးသွားခဲ့တာပါပဲ။ ရိုးရိုးလေးပါပဲ။ ဒါပေမယ့် အရမ်းမြန်လွန်းပါတယ်။

"ရက်အနည်းငယ်လောက်သာ ကျင့်ကြံထားသူက ဒီလိုအရာမျိုး လုပ်ပြတာက တကယ်ဖြစ်နိုင်ပါသလား။" ပရိသတ်‌ေတွကတော့ သူတို့မျက်လုံးတွေကို မယုံနိုင်ဘူး ဖြစ်နေကြပါတယ်။ ဂီနီယာ သူတို့ကိုပေးတဲ့ခံစားချက်က အသစ်တစ်ယောက်လို မဟုတ်ဘဲ အလွန်ကျွမ်းကျင်တဲ့ကျွမ်းကျင်သူတစ်ယောက်လို လုပ်ပြသွားခဲ့တာပါ။

ပိုင်းခြားသိမြင်မှုရှိသူတချို့ကတော့ ဂီနီယာဟာ   ရက်အနည်းငယ်‌ေလာက်သာ ကျင့်ကြံရသေးတယ်ဆိုတာကို ပြောနိုင်ခဲ့ပြီး၊ သူ ထုတ်လွှတ်ခဲ့တဲ့ ဓါးအလင်းကို မြင်တဲ့အခါမှာ‌ေတာ့ သူ့ရဲ့စွမ်းအားဟာ ဓါးမှ လာတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒီအကြည့်တစ်ချက်က ဆရာသခင်အဆင့် ရောက်နေတယ်ဆိုတာ ဖော်ပြနိုင်ခဲ့ပြီး၊   ဒီအရာနဲ့တင် သူ့ ကိုယ်ပိုင်ဂိုဏ်းကိုတောင် စထောင်နိုင်နေပါပြီ။

တကယ်တော့ ဂ‌ီနီယာဟာ သူရဲ့ဓားစွမ်းရည်စကေးကြောင့်သာ ဒီလိုအစွမ်းထက်ခဲ့တာပါ။ ဂီနီယာက တစ်မိုးအောက်မှာ အကျော်ကြားဆုံး ဓါးသမားတစ်ဦး ဖြစ်ခဲ့ပြီး၊ သူ့ဘဝတစ်လျှောက်လုံး ဓါးလမ်းစဥ်ကို တစ်စိုက္မတ်မတ် လိုက်စားခဲ့တာပါ။ ဒီအတွေ့အကြုံက ဒီဘ၀ကို ကူးပြောင်းလာခဲ့ပုံရပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now