အပိုင်း (၁၆၈)

198 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၈ )
Chapter  168         ပြုစားခြင်း ကတ်ပြား

ရိုလန် သမိုင်းအကြွင်းအကျန်နယ်မြေအတွင်းမှာ‌ေတာ့ ....
ကျောက်ဖူ အဆောက်အအုံတွေကို ပိုပိုပြီး၊ မြင်တွေ့လာခဲ့ရပါတယ်။ ဒီအဆောက်အဦတွေက  အနောက်ပိုင်း အလယ်ခေတ်က တည်ဆောက်ပုံတွေနဲ့ ဆင်တူနေပါတယ်။ ဒီရောမှာတော့ ဂေါ်ဗလင်တွေလည်း ပိုပို များပြားလာပြီး၊ ဂေါ်ဗလင် အမျိုးအစားအသစ်နှစ်မျိုးကိုလည်း တွေ့ရှိလာခဲ့ပါတယ်။

ဂေါ်ဗလင် အမျိုးအစားအသစ်တွေက အခြား ဂေါ်ဗလင်တွေနဲ့ အတော်‌ေလး ဆင်တူနေပေမယ့်  သူတို့ရဲ့ အသားအရောင်ကတော့ ကွဲပြားနေပါတယ်။ ဒီထဲကတစ်မျိုးကတော့ အပြာရောင်အသားအရေရှိပြီး၊ ရေခဲ မှော် အမျိုးအစား စွမ်းရည်ကို အသုံးပြုနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ အနီရောင် အသားအရေရှိပြီး၊ မီး မှော်အမျိုးအစား စွမ်းရည်ကို အသုံးပြုနိုင်ပါတယ်။

ဒီ ဂေါ်ဗလင် အမျိုးအစားနှစ်ခုလုံးက ထုတ်လွှတ်နေတဲ့ အရှိအဝါ အော်ရာတွေက သာမာန်ဟော့ဖ် ဂေါ်ဗလင်က ထုတ်လွှတ်နေတဲ့ အရှိန်အဝါတွေထွက် ပို စွမ်းအားကြီးနေခဲ့ပါတယ်။ ဒီ‌ေနရာမှာရိှ‌ေနတဲ့ ဂေါ်ဗလင် အုပ်စုတစ်ခုစီမှာ များသောအားဖြင့် သာမာန် ဂေါ်ဗလင် လေးကောင်၊ ကျောက်တုံးပစ် ဂေါ်ဗလင် သုံးကောင်၊ ဟော့ဖ် ဂေါ်ဗလင် နှစ်ကောင်နဲ့ အပြာရောင် ဒါမှမဟုတ် အနီရောင် ဂေါ်ဗလင် တစ်ကောင် ပါဝင်ကြပါတယ်။

ဒီအဖွဲ့တစ်ဖွဲ့ချင်းစီက အင်အားကြီးမားတာကြောင့် အဖွဲ့တွေကို ကိုင်တွယ်ဖို့ ခက်ခဲမှာပါ။  ကံကောင်းတာတစ်ခုကတော့ ဒီ ရိုလန် သမိုင်း အကြွင်းအကျန်နယ်မြေမှာ ဝင်္ကပါဖွဲ့စည်းပုံတွေအများကြီးရှိနေတာကြောင့် ကျောက်ဖူ သွားလာတဲ့အခါ ဖုံးကွယ်ဖို့ လွယ်ကူသွားတာက သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နေခဲ့ပါတယ်။  ဒီအချိန်မှာတော့ သူ့အနေနဲ့ လုပ်ကြံသတ်ဖြတ်သူ အလုပ်အကိုင်ပေါ်မှာ လုံးဝ မှီခိုဖို့ လိုအပ်နေပါပြီ။ ဒီအလုပ်အကိုင်က ဒီအချိန်မှာ ပို အသုံးဝင်လာလို့ပါပဲ။။

မကြာခင်မှာပဲ ကျောက်ဖူ လုပ်ငန်း စခဲ့ပါပြီ။ သူက မြင့်မားတဲ့ အဆောက်အဦတစ်ခု နောက်ကွယ်မှာ ပုန်း‌ေအာင်း‌ေနခဲ့ပြီး၊ ကျောက်စရစ်ခဲ တစ်ခုကိုပစ်လိုက်ပါတယ်။ အဲ့ဒီကျောက်ခဲင နံရံတစ်ခုကို ရိုက်ခတ်ပြီး၊ မြေပေါ်ကျသွားခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now