အပိုင်း (၁၆၀)

195 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၀ )
Chapter 160            သတ်ဖြတ်မှု

ဒီသတင်းကြောင့်လူများစွာဟာမယုံနိုင်လောက်အောင်ရှုပ်ထွေးသွားခဲ့ကြပါတယ်။ ဘာ‌ေတွ ဖြစ်ကုန်ကြတာလဲ။ ဘာကြောင့် သူ့ကိုယ်သူ ဒီကာလတစ်လျှောက်လုံး ဖော်ပြဖို့ ငြင်းဆန်နေခဲ့တဲ့ မဟာ ချင်ရဲ့ အမွေခံဟာ ဘာကြောင့် ဒီလို ရုတ်တရက်ကြီး သူ့စိတ်က ပြောင်းလဲပြီး၊ ရင်း မိသားစုထံကို ပြန်သွားခဲ့ရတာပါလဲ။

ဒီကိစ္စကို မရေမတွက်နိုင်တဲ့ အုပ်စုအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးခဲ့ကြပြီး၊ ရလဒ်တွေအရက ဒီကိစ္စက တကယ် မှန်ကန်နိုင်တယ်လို့ ဆိုကြပါတယ်။ အခြားတိုက်ဆိုင်တဲ့ အရာများစွာကလည်း ရှိနေခဲ့ပါတယ်။

ရင်း မိသားစုက ရှာ‌ေဖွတွေ့ရိှခဲ့တဲ့သူကို လီဝူ လို့ခေါ်ပါတယ်။ သူက အရှေ့ဖက် အစိမ်းရောင် ဒေသက ဖြစ်ပြီး၊ သူ့ရွာကို မဟာ ချင်လို့ ခေါ်ပါတယ်။ သူ့မှာ ရင်းမိသားစုနဲ့ သွေးမျိုးဆက်ဝေးတဲ့ ဆွေမျိုးတစ်ယောက်လည်း ရှိ‌ေနခဲ့ပါတယ်။

ဒီတိုက်ဆိုင်မှုတွေက ရင်းမိသားစုအနေနဲ့ လိမ်လည်မှုကို အထောက်အကူ ပြုနိုင်အောင် ချပြထားတဲ့ အရာတွေပါပဲ။

ပထမဆုံး ရင်း မိသားစုရဲ့ အင်အားနဲ့ အရင်းအမြစ်တွေက အခြားအုပ်စုအဖွဲ့အစည်း‌ေတွနဲ့ သိပ်မကွာပေမယ့် အမွေအနှစ်ရရိှမှုနဲ့ ကျော်ကြားမှုအရ ဆိုရင်တော့ သူတို့ အတော့်ကို နောက်ကျ ကျန်‌ေနရစ်ခဲ့ပါပြီ။ ဒီလောက် အချိန် ကုန်လွန်ပြီးနောက် သူတို့ အဆက္မပြတ် ရှာဖွေ‌ေနခဲ့ကြ‌ေပမယ့် မဟာ ချင်ရဲ့ အမွေခံဟာ သူ့ကိုယ်သူ ထုတ်ဖော်ဖို့ ငြင်းဆန်နေတုန်းပါပဲ။

ဟုတ်တာပေါ့၊ ရင်းမိသားစုအနေနဲ့ ဒီလိုမျိုး ဆက် မနေနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူတို့က အနည်းဆုံးတော့ မျက်နှာသာ အချို့ ပြန်ရဖို့ အစီအစဉ်တွေ ပြုလုပ်ပြီး၊ သူတို့ရဲ့ ကြီးကြီး၊ငယ်ငယ်၊ ဒေသတွင်း ဒေသပြင်ပမှာရှိနေတဲ့ သူအားလုံးကို  အရှေ့ဖက် အစိမ်းရောင်ဒေသ ကို စေလွှတ်ခဲ့တာပါပဲ။ ဒီနည်းနဲ့ ရင်း မိသားစုဟာ တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်နိုင်ပြီး၊ မလိုအပ်တဲ့ အာရုံစိုက္မှု‌ေတွကို ရှောင်ရှားနိုင်မှာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now