အပိုင်း (၅၇)

253 30 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅၇ )
Chapter  57         သန့်စင်မယ့် အစီအစဉ်

  ရိုဒီ ကျေးရွာက ကျောက်ဖူကို အံ့အားသင့်စေခဲ့တာကတော့ မီးခိုးရောင် ဒွပ်ဝ်လူပုတွေ ကိုင်ဆောင်ထားတဲ့ ချပ်ဝပ်တွေနှင့်ပစ္စည်းကိရိယာတွေအပြင် သူတို့မှာ နောက်ထပ် ပစ္စည်းကိရိယာ ၄၀၀၀ ကျော်ရှိနေသေးတာပါ။

ကျောက်ဖူ ဒီိသတင်းကို ကြားတော့ ရိုဒီကို အဲ့ဒီ နေရာအား ခေါ်သွားပေးဖို့ ပြောလိုက်သည်။

သိပ်မကြာခင်မှာပဲ ရိုဒီ ကျောက်ဖူကို ဧရာမသိုလှောင်ရုံကြီးတစ်ခုဆီ ခေါ်ဆောင်လာခဲ့သည်။ အဲ့ဒီထဲမှာ ကြေးဝါ ချပ်ဝတ်တန်ဆာတွေ၊ လက်နက်တွေနဲ့ ပြည့်နှက်နေပြီး သတ္တုရောင်ပြန်တွေဟပ်နေတဲ့အတွက် လူတွေကိုတောင် မျက်စိကျိန်းသွားစေသည်။ ကျောက်ဖူ အနေနဲ့ ကြီးမားတဲ့ ဘဏ္ဍာတိုက် တစ်ခုထဲ ဝင်သွားရသလို ခံစားလိုက်ရပါတယ်။ အဲ့ဒီနောက် သူက ဆက်ကြည့်လိုက်သည်။

[ကြေးဝါ ချပ်ဝတ် အင်္ကျီ] အဆင့် - အပြာရောင်၊ အခြေအနေများ - ခွန်အား  ၁၊ ကြံခိုင်မူ + ၁
ဖော်ပြချက်များ - ကြေးဝါသတ္တုရိုင်းမှ ထုတ်လုပ်ရရှိသော အရည်အသွေးမြင့် သံချပ်ကာချပ်ဝတ်။

[ကြေးဝါ ဓါး] - အဆင့် - အပြာရောင်၊ အခြေအနေ - ခိုင်ခံ့မှု + ၁၊ သွက်လက်မူ + ၁
ဖော်ပြချက္များ - ကြေးဝါသတ္တုရိုင်းမှ ဖန်တီးထားသော သာလွန်အဆင့် ဓါး။

ဒါတွေအားလုံးဟာ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေဖြစ်ပြီး၊ အနည်းဆုံးအချက်အလက် ၂ ခုကို အပို ပေါင်းထည့် ပေးနိုင်သည်။ ဒါတွေအားလုံးအတွက် ငွေဒင်္ဂါး ၆၀၀ လောက် တန်ဖိုးရှိနေသည်။ ဒီအရာတွေကို ရရှိခဲ့တဲ့အတွက်  ကျောက်ဖူ စစ်တပ်ထဲမှာ ရှိတဲ့ စစ်သည်တိုင်းရဲ့ စွမ်းအားတွေကို မြှင့်တင်ပေးနိုင်ပြီး၊ ပစ္စည်းကိရိယာ အသစ်တွေ တပ်ဆင်ပေးနိုင်ခဲ့ပါပြီ။ ဒါ့အပြင် ဒီကြီးမားတဲ့ကြေးဝါသတ္တုမိုင်းတွင်းကြောင့် သူတို့အနေနဲ့ အရိုးစုတွေထံမှ ရတဲ့ သံချေးတက်နေတဲ့ ပစ္စည်းကိရိယာတွေရယူနေတာကို အားထားနေစရာ သိပ်မလိုတော့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now