အပိုင်း (၅၁)

249 31 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅၁ )
Chapter  51        အရေးကြီးတဲ့ ရာထူး၊နေရာ

ဘိုင်ရှမ်းဟာ သွေးနီ‌ေရာင် အော့ဖ်စက်လုံးကို ရရှိခဲ့ပြီး‌ေနာက် သူက ထူးဆန်းစွာကြည့်‌ေနခဲ့ပါတယ်။  အဆင့်အတန်းပြောင်း အော့ဖ်စက်လုံးတွေက  မဟာ ချင် ကျေးရွာရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်တဲ့အတွက် သူမသိတာ မထူးဆန်းပါဘူး။ ကျောက်ဖူက ဒီအကြောင်းကို သိတဲ့သူတိုင်း သတင်းအချက်အလက် မပေါက်ကြားဖို့ တင်းကြပ်စွာ အမိန့်ပေးထားခဲ့တာပါ။ ဒါကြောင့်ပဲ လူအများစုက အဲ့ဒီကိစ္စ ကို မသိခဲ့ပါဘူး။

ဘိုင်ရှမ်းက ယူလိုက်ပြီးတဲ့နောက်မှာတော့ ကျောက်ဖူက အဆင့်အတန်းပြောင်း အော့ဖ်စက်လုံးရဲ့ အလုပ်လုပ်ပုံကိုရှင်းပြခဲ့ပါတယ်။

ဒါကို ကြားပြီး‌တဲ့ နောက္မှာတော့ ဘိုင်ရှမ်းက အလွန်အံအား မိန်းမော သွားခဲ့ပါတယ်။ သူ သတိပြန်ဝင်လာတဲ့ အခါမှာတော့ သူ့မျက်ရည်တွေဟာ မျက်နှာပေါ်မှာ စီးကျနေခဲ့ပါပြီ။ သူက အပြေးအလွှားနဲ့ ကျောက်ဖူရဲ့ ခြေထောက်ကို ဖက်လိုက်ပြီး၊ စိတ်ခံစားချက်ပြင်းပြင်းနဲ့ ငိုယိုပြီးပြောလိုက်ပါတယ်။
"အရှင်မင်းမြတ်၊ ကိုယ်တော် ကျနော်အပေါ် ထားတဲ့ ကျေးဇူးက ဒီတစ်သက်သာမက နောက်ဘဝ တောင် ဆပ်တာတောင် ကုန်မယ် မထင်ပါဘူး။"

ဘာဖြစ်လို့လဲ ဆိုတော့ ကျောက်ဖူက သူ့ကို SS အဆင့်အတန်း အော့ဖ်စက်လုံးကို ပေးခဲ့လို့ပါ။ မဟာ ချင် ကျေးရွာတစ်ရွာလုံးမှာ  SS အဆင့်အတန်း ရွာသား ၂ ယောက်သာရှိနေပါတယ်။ တစ်ယောက်က လိစီ ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့  ကျန်းတဟူပါ။ သူတို့နှစ်ဦး စလုံးက ကျောက်ဖူရဲ့အနီးကပ်ငယ်သားတွေပါ။  အထူးခြွင်းချက်ကတော့ မဟာ ချင် ကျေးရွာရှိအရာအားလုံးကို ကြီးကြပ်သူ လိစီပဲ ဖြစ်ပါတယ်။ သူလိုလူမျိုးဟာ လူ ၁၀၀၀၀ မှာ တစ်ယောက် ရှိနိုင်တဲ့သူ မဟုတ်ပါဘူး။

ယခုအခါမှာတော့ ကျောက်ဖူက ဘိုင်ရှမ်းကို SS အဆင့်အတန်း ေအာ့ဖ်စက်လုံးကို ပေးခဲ့လိုက်တဲ့အတွက် ဘိုင်ရှမ်းရဲ့ အဆင့်အတန်းဟာ အခြားသူတွေနဲ့ တူညီတဲ့ အဆင့်တစ်ခု ဖြစ်လာခဲ့ပါပြီ။ သာမန်နိုင်ငံသားတစ်ယောက်က‌ေန အရေးကြီးတဲ့ ၀ န်ကြီးတစ် ဦး ဖြစ်လာခဲ့တဲ့ အတွက် ဘိုင်ရှမ်းဟာ ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားသွားလိုက္မလဲ။ ဒါမှမဟုတ် ဘယ်လောက်‌ေတာင် စိတ်လှုပ်ရှား လိုက္မလဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now