အပိုင်း (၆)

509 44 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆ )
Chapter 6       ဂေါ်ဗလင်များ( Goblins )

ကျောက်ဖူ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကို ထပ်မံဝင်လာခဲ့သည်။ ဒီအချိန်မှာတော့ ကျောက်ဖူ နေထိုင်သူ အသစ် ၁၄ ယောက်ကို ခေါ်ယူနိုင်ခဲ့သည်။ ယောက်ျားရှစ်ယောက်နှင့် အမျိုးသမီးခြောက်ယောက်တို့ပါ။ သူတို့ထဲမှာ B အဆင့်အတန်း ရွာသားတစ်ဦး ပါဝင်လာခဲ့သည်။ အဲ့ဒီဆံပင်ဖြူနေပြီဖြစ်တဲ့ အဖိုးကြီးရဲ့အလုပ်အကိုင်ကို ကျောက်ဖူ ပညာသည်အဖြစ် ချက်ချင်းပဲ ပြောင်းလဲခဲ့လိုက်သည်။

ကျေးရွာရဲ့ အထူးအချက်အလက်တွေကြောင့်သီးနှံထွက်ရှိမှုက ပြသနာမဟုတ်တဲ့အတွက် သူက အဲ့ဒီအဖိုးကြီးကို တိရိစ္ဆာန် မွေးမြူခြင်းနဲ့ ယဉ်ပါးစေခြင်းကို သုတေသနလုပ်ရန်အတွက်  ရွေးချယ်ပေးခဲ့သည်။ တကယ်လို့ သူတို့မှာ ယဉ်ပါးစေခြင်း ကျွမ်းကျင်မှုစွမ်းရည်စကေး ကိုသာ ရရှိပါက အချို့သောသားရဲတိရိစ္ဆာန်တွေကို ယဉ်ပါးစေပြီး၊ မွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်‌နိုင်မှာပဲ ဖြစ်သည်။

အခု သူတို့မှာအိမ်တွေရှိနေပြီဖြစ်တာကြောင့် သူတို့ကိုယ်သူတို့ လုံခြုံမှုပိုရှိလာသလို ခံစားလိုက် မိကြသည်။ အခုဆိုရင်တော့ စိုက်ပျိုးရန်ထွန်ယက်ဖို့အတွက် ကျောက်ဖူ သူကိုယ်တိုင် မလုပ်ခဲ့ဘဲဲ လိစီကိုသာ ကြီးကြပ်စေခဲ့သည်။ ကျောက်ဖူ ဘိုင်ချီကို ခေါ်ဆောင်လာခဲ့ပြီး၊ ပန်းပဲအလုပ်ရုံမှ လက်နက် အနည်းငယ်ယူဆောင်ကာ ထွက်လာခဲ့သည်။ အန္တရာယ်ရှိတဲ့ အရင်းအမြစ်တွေရှိ၊ မရှိကို သိနိုင်ရန်နှင့် ပတ်ဝန်းကျင် အခြေအနေကိုသိရှိဖို့အတွက် ပတ်ဝန်းကျင်ကို သူတို့ စတင် စူးစမ်းလေ့လာခဲ့ကြသည်။

လမ်းမှာတော့ ကျောက်ဖူနှင့် သူရဲ့ ကိုယ်ရံတော်
အကြီးအကဲ ဘိုင်ချီ တို့ဟာ တောယုန် လေးကောင်နှင့် ဝံပုလွေနှစ်ကောင်ကို သတ်ဖြတ်ခဲ့ကြသည်။ အဲ့ဒီတောယုန်တွေဆီက တစ်ကောင်ကိုကြေးဒင်္ဂါးတစ်ပြားစီရရှိခဲ့ပြီး၊ ဝံပုလွေတွေဆီကတော့ တစ်ကာင်က ကြေးဒင်္ဂါး သုံးပြားနှင့် နောက်တစ်ကောင်က လေးပြားကို ရရှိခဲ့ကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now