အပိုင်း (၆၃)

246 37 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၃ )
Chapter  63            အဇူရာ(အပြာရောင်) နဂါးဧကရာဇ် အလင်းရောင်စဉ်

ကျောက်ဖူ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာတဲ့အတွက် ဒီဂိမ်း စနစ်ကြေညာချက်တွေကို အချိန်ယူ မကြည့်နိုင်တော့ပါဘူး။

ဘုန်း

မဟာ ချင် ကျေးရွာရဲ့ အလယ်ဗဟိုမှာ ရှိတဲ့  မြိုတော်နှစ်လုံးသားဖြစ်တဲ့ ခရမ်းရောင် ကုဗတုံးက စတင် တုန်ခါလာခဲ့သည်။

အဲ့ဒီနောက် ရုတ်တရက်ပဲ ပေါက်ကွဲသွားခဲ့သည်။ အမှောင်အလင်းတန်းတွေက အရာအားလုံးကိုလောင်ကျွမ်းသွားပြီး၊ ကျေးရွာခန်းမရဲ့ခေါင်မိုးကို ဖြတ်ဖောက်ပြီး တိမ်တွေထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ကောင်းကင်ကိုတောင် ထိုးဖောက်ဝင်ရောက်သွားခဲ့ပုံရနေခဲ့သည်။

ဘုန်း

အနက်ရောင် အလင်းတွေက ကောင်းကင်ကိုရောက်တဲ့ အခါမှာတော့ တည်ငြိမ်သွားခဲ့သည်။ အဲ့ဒီနောက် နောက်ထပ် ပေါက်ကွဲမူတစ်ခုက ထပ်မံ ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်အလင်းတန်းက အနက်ရောင် အလင်းတိုင်လုံးတစ်ခုလို ပုံပြောင်းသွားခဲ့ပြီး၊ အနားမှာရှိတဲ့ တိမ်တွေနဲ့ လေတွေကိုတောင် အေးခဲသွားစေခဲ့သည်။ ဒီအချိန်မှာပဲ နေလုံးဟာ ဝင်သွားခဲ့ပြီး၊ အနက်ရောင်အလင်းတိုင်လုံးကတော့ ထိတ်လန့်ကြောက်မက်ဖွယ်ရာ  အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်ခဲ့သည်။

ကောင်းကင်ပြာပြာဟာ အနက်ရောင်ဆေးဆိုး ထားသလို ဖြစ်နေခဲ့ပြီး၊ မြေပြင်မှ အနက်ရောင်ရောင်စဥ်တန်းတွေ ထွက်ပေါ်လာခဲ့သည်။

အဲ့ဒီအနက်ရောင်ရောင်စဉ်တန်းတွေကနေ ဝိညာဉ်တစ္ဆေတွေ လေထဲကို ထွက်ပေါ်လာပြီး၊ ကြည့်လိုက်ရင် ကြည်လင်တောက်ပပြီး ရှည်လားတဲ့ နဂါးကြီးတွေလိုပါပဲ။  သူတို့က မြေပြင်ကနေ ကောင်းကင်ထဲကို ထိုးဖောက်ဝင်ရာက်သွားတဲ့ အခါမှာတော့ မဟာ ချင် ကျေးရွာ မှာရှိနေတဲ့သူ အားလုံးဟာ ဒီမြင်ကွင်းကိုတွေ့လိုက်ရပြီး၊ အသည်းနှလုံးတွေ တစ်ဆတ်ဆတ်ခုန်ကာ ကြောင်လန့်တကြားဖြစ်သွားကြပါတော့တယ်။ အဲ့ဒီနောက် သူတို့ဟာ မြေပေါ်ကို ဒူးထောက်ချကာ အရိုအသေပေးလိုက်ကြပါပြီ။ ဘိုင်ချီ၊ လိစီ တို့‌ေဆာင် သူတို့ရဲ့ စိတ်လှုပ်ရှားနေတဲ့ အကြည့် တွေနဲ့ အပြန်အလှန်ကြည့်လိုက်ရင်း ဒူးထောက်လိုက်ကြပါပြီ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now