အပိုင်း (၈၇)

231 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈၇ )
Chapter 87        ပန်းပွင့်တစ်သောင်းပွဲတော်

ဝူချင်နန် ကျောက်ဖူထွက်ခွာသွားတာကို မြင်တော့ ပြုံးပြီး၊ ပြောလိုက်ပါတယ်
"ဇီလေး မင်း ကျောက်ဖူကို ထိန်းချုပ်ဖို့မလွယ်ဘူး။ "

"ဟမ်" ရင်းဇီ အလွန်အံ့အားသင့်သွားပြီး၊ ပြန်မေးလိုက်ပါတယ်။
“ အဲဒါဘာလို့လဲ”

ဝူချင်နန် ရင်းဇီရဲ့မျက်လုံး‌ေတွကို စိုက်ကြည့်လိုက်ပြီး လွှမ်းမိုးနိုင်တဲ့ အပြုံးတစ်ချက်‌ေပါ်လာပြီး၊ သူမပြောလိုက်ပါတယ်။
" ဒီလူကို ငါ့ မျက်လုံးတွေက နားလည်ခဲ့လို့ပဲ။"

“ နင်တို့ နှစ်ယောက်ကြားမှာ အရင်က တစ်ခုခုဖြစ်ခဲ့လို့လား”  ရင်းဇီ မေးလိုက်ပါတယ်။

“ အမ်!  ဒါက ကိစ္စသေး‌ေသး‌ေလး‌ေတွပါ၊ ဒါပေမယ့် ငါ သူ့ရဲ့ အလားအလာကိုတော့ မြင်လိုက်ရတယ်။ သူက ကန်ငယ်လေးအတွက် ကြီးမားလွန်းတဲ့ နဂါးဖြစ်လာဖို့ အလားအလာရှိတယ်။  အနာဂတ်မှာ ကမ္ဘာတစ်ခုလုံး သူ့နာမည်ကို မသိတဲ့သူ မရှိနိုင်ဘူးလို့ ခံစားလိုက်ရတယ်။”
ဆိုပြီး၊ ချန်နန် စွဲဆောင်မှုရိှတဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ်။

"တကယ်လား"  ဘာလို့ ငါတော့ မခံစားနိုင်ရတာလဲ။" ရင်းဇီ ထူဆန်းတဲ့ အမူအရာနဲ့ ပြန်မေးလိုက်ပါတယ်။

ဝူချင်နန် ပြန်ဖြေလိုက်ပါတယ်။
“ လာလို့လဲဆိုတော့ နင်က အပြည့်အဝ မမြင်နိုင်ဘူးလေ။ ငါ့ရဲ့ပင်ကိုယ် သိစိတ်အရဆိုရင်တော့ ဒီလိုနေ့ရက်တွေ ဖြစ်လာဖို့က သိပ်မကြာတော့လောက်ဘူး။"

ရင်းဇီ ခေါင်းညိတ်ပြလိုက်ပါတယ်။

……………………………

ကျောက်ဖူ အဲ့ဒီ့ အမျိုးသမီးနှစ်ယောက် သူနဲ့ ပက်သက်တာတွေ ပြောနေခဲ့တာကို မသိခဲ့ပါဘူး။ အခုဆို သူအနေနဲ့ မဟာ ချင် ကျေးရွာကိုကောင်းကောင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်သူမှ သတိမထားမိနိုင်တဲ့ အဆင့်အတန်းကင်းတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ချင်နေတာပါ။

သူ့အခန်းကို ပြန်ရောက်ပြီးနောက် ကျောက်ဖူ ကောင်းကင်ဘုံနိုးထခြင်း ကျောက်တုံးကို ထုတ်လိုက်ပြီး၊ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘကို ပြန်သွားခဲ့ပါတော့တယ်။
  
  ဒီအချိန်မှာတော့ စူးစမ်း လေ့လာရေးအဖွဲ့ လေးခုဟာ ပြန်ေရာက်လာခဲ့ပြီး၊ ငွေအမြောက်အများနဲ့ ပစ္စည်းကိရိယာတွေကို ယူဆောင်လာခဲ့ကြပါတယ်။ ဒီ့အပြင် သူတို့က S အဆင့် အလောင်းေတွနဲ့   A အဆင့် အလောင်း (၁၀၀)ခန့်ကိုလည်း ယူဆောင်လာခဲ့ပါတယ်။ ဒါတွေအပြင် ရွာသား ၉၀၀ ခန့်၊ သာမန် အဆင့် မြို့တော် ဖန်တီးခြင်းကျောက်တုံး ၂ တုံးနဲ့ ငွေ အဆင့် မြို့တော် ဖန်တီးခြင်းကျောက်တုံး ၁ တုံးလည်းပါလာခဲ့ကြပါတယ်။ ဒါတွေ အားလုံးရခဲ့တာကြောင့် ကျောက်ဖူ အတော်လေး ပျော်ရွှင် ကျေနပ်သွားခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now