အပိုင်း (၁၇)

298 33 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၇ )
Chapter 17 အဆိပ်

လီ မိသားစု ကျေးရွာနှင့် အရိုင်းဝံပုလွေ ကျေးရွာတွေအကြား အခြေအနေတွေက ငြိမ်းချမ်းရေးတည်ဆောက်ထားပေမယ့် လီ မိသားစုကျေးရွာကအားနည်းတဲ့ အနေအထားမှာ ရှိနေတာကြောင့် အရိုင်းဝံပုလွေကျေးရွာက ဒီလို အနိုင်ကျင့်နေခဲ့တာပါ။ တစ်ကယ်လို့ အရိုင်းဝံပုလွေကျေးရွာသာ အခွင့်အလမ်း ရရှိခဲ့ရင်တော့ လက်ရှိအခြေအနေကို ချိုးဖောက်ပြီး၊ လီမိသားစု ကျေးရွာကို လုယူဖျက်ဆီးပစ်မှာပါ။

အရိုင်းဝံပုလွေကျေးရွာက လီမိသားစု ကျေးရွာကို စောင့်ကြည့်နေခဲ့ပေမယ့် သူတို့အနေနဲ့ ဒီလိုလုပ်ဆောင်ဖို့ အခွင့်အရေးတစ်ခါမှ မရရှိခဲ့ပါဘူး၊၊ လီမိသားစုကျေးရွာက အရိုင်းဝံပုလွေ ကျေးရွာကို အမြဲတမ်း သတိအနေအထားနဲ့ စောင့်ကြည့်နေခဲ့တာပါ။

ယခုအချိန်မှာတော့ လီယောင်ကိုင် ကျောက်ဖူကို ကြင်နာစွာဖြင့် ပြောခဲ့လိုက်သည်။

" ဧည့်သည်တော်အကြီးအကဲ၊ မင်းရဲ့ရွာကို သူတို့မကြာခင်တွေ့သွားလိမ့်မယ်၊ ယခုကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းဟာ အကောင်းဆုံးပဲ။ မဟုတ်ရင် သူတို့က သင့်ရွာကိုတွေ့သွားတဲ့အခါ သင်ရဲ့အချိန်တွေ နောက်ကျသွားလိမ့်မယ်။ "

အံ့အားသင့်စရာကောင်းတာက ကျောက်ဖူ ခေါင်းကို ဖြည်းဖြည်းခြင်းခါယမ်းလိုက်ပြီး၊ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

" ကျေးရွာအကြီးအကဲ လီ၊ မင်းကို အရိုင်းဝံပုလွေရွာရဲ့ ရန်က ကူညီနိုင်ရင် ငါ ဘာပြန်ရမှာလဲ"

ဒီစကားကို ကြားတော့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးက ကျောက်ဖူကို ကြည့်လိုက်ကြသည်။ အချို့ကတော့ သံသယ‌တွေရှိနေခဲ့ပြီး၊ အချို့ကတော့ ယုံကြည်မှုနှင့် ကျေးဇူးတင်မှု ပုံပန်းသဏ္ဌာန်တွေရှိနေခဲ့ကာ အချို့ကတော့ ကြောက်ရွံ့ထိတ်လန့်သွားခဲ့ကြသည်။

"အရိုင်းဝံပုလွေကျေးရွာရဲ့ ရန်ကနေ လွတ်အောင် ကျွန်တော်တို့ကို ကူညီနိုင်မယ် ဆိုရင် လီမိသားစုကျေးရွာက အခုချက်ခြင်းပဲ သင်တို့ရဲ့ နောက်လိုက် ကျေးရွာ ဖြစ်လာမှာပါ။"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now