အပိုင်း (၁၇၄)

192 18 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၇၄ )
Chapter   174        အလုပ်အကိုင် ၄ခု

သုံးရက် အကြာမှာတော့ ကျောက်ဖူနဲ့ သူ့အဖွဲ့ဟာ အခြား ဂေါ်ဗလင်တွေ အားလုံးနီးပါးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ သူ့အဖွဲ့ကို  ဂေါ်ဗလင် ၃၂ ကောင် အထိ တိုးချဲ့နိုင်ခဲ့ပါတယ်။ ဒီ နောက်ဆုံးရက် အနည်းငယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ပြင်းထန်လွန်းတာကြောင့်သူ့ရဲ့ ဂေါ်ဗလင် အချို့ ဒဏ်ရာရရင်ရ မရရင်တော့  အသတ်ခံခဲ့ရပါတယ်။ ဒါကြောင့် သူ့ အနေနဲ့ အဖွဲ့ထဲကို ဂေါ်ဗလင်တွေ ထပ်မံထည့်သွင်းခဲ့တာပါ။ ဒီအချိန်မှာတော့ သူ့ဆီမှာ အပြာရောင် ဂေါ်ဗလင် ငါးကောင် ၊ အနီရောင် ဂေါ်ဗလင် ခုနစ်ကောင်နဲ့ ဟော့ဖ် ဂေါ်ဗလင် အကောင်၂၀လောက် ရှိလာခဲ့ပါပြီ။

ယခုအခါမှာတော့ သူတို့က အဖွဲ့ကြီးတစ်ခုဖြစ်လာခဲ့ပြီ ဖြစ်တာကြောင့် ကျောက်ဖူ သူတို့ကိုဦး‌ဆောင်ပြီး၊ သမိုင်းအကြွင်းအကျန်နယ်မြေရဲ့ အတွင်းပိုင်းဒေသတွေဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။  ကျောက်ဖူ ဒီသမိုင်းအကြွင်းအကျန်နယ်‌ေမြနဲ့ ပတ်သက်ပြီး၊ သူ့ရဲ့ လက်အောက်ခံ ဂေါ်ဗလင်တွေဆီကနေ သတင်းအချက်အလက် တချို့ ရရှိခဲ့ပါတယ်။

သူ ယခင်က ရောက်ရှိခဲ့တဲ့ ဒေသဟာ သမိုင်းအကြွင်းအကျန်ရဲ့ အပြင်ဖက် ဒေသတစ်ခုသာဖြစ်ပြီး၊ အတွင်းပိုင်းဒေသဖြစ်တဲ့ အစစ်အမှန်အတွင်းပိုင်းကိုတော့ မိုင်နိုတော အုပ်စုတစ်စုက စောင့်ရှောက်‌ေနခဲ့တာပါ။  ဒီမိုနိုတော‌ေတွမှာ အထူးစစ်ရေးအလုပ်အကိုင်ရှိပြီး၊ အဲ့ဒါကတောဧရာမသတ္တဝါပဲ ဖြစ်ပါတယ်။ မိုင်နိုတောတွေက အလွန်ရန်လိုကြပါတယ်။ ဂေါ်ဗလင်တွေက  သမိုင်း အကြွင်းအကျန်နယ်‌ေမြရဲ့ အပြင်ဘက်ဒေသတွေမှာသာ နေထိုင်ခဲ့ကြတာက မိုင်‌နိုတောတွေနေထိုင်တဲ့ သမိုင်း အကြွင်းအကျန်နယ်မြေရဲ့ အတွင်းပိုင်းဒေသကို မဝင်ရဲကြလို့ပါ။

ကျောက်ဖူ ဒီကိစ္စကို ကြားလိုက်ပြီးနောက် ဒီသမိုင်းအကြွင်းအကျန် အတွင်းပိုင်းဒေသဟာ ပို အန္တရာယ်များနိုင်တယ်ဆိုတာ နားလည်လိုက်ပါတယ်။ မိုင်နိုတောတွေ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို သူ သိချင်နေခဲ့ပလပြီ။ ဒါပေမယ့် သူ့မှာ လုပ်စရာတွေ ရှိနေပါသေးတယ်။ ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာ‌ေတွကို ရှာဖွေတဲ့‌ေတရာမှာ အန္တရယ်ဆိုတာ တွဲပါလာတတ်တာမျိုးပဲ မဟုတ်ပါလား။ ကံ‌ေကာင်းတဲ့ ဇာတာဆိုတာမ‌ျိုးက အလွယ်တကူရ‌ေလ့မရိှပဲ ရရှိချင်ရင်တော့ စွန့်စားဖို့ လိုပါလိမ့်မယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now