အပိုင်း (၁၅)

350 34 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၅ )
Chapter 15       သန့်စင်သော စစ်ဝိညာဉ်

ဒီအရိုးစုဓါးသမားဟာ ပုံမှန် အရိုးစုတွေထက် ပိုမမြန်ပေမယ့် လုံးဝအားနည်းတဲ့ပုံတော့ မရှိပါဘူး။ အဲဒီအစား သူက တော်တော်လေး သွက်လက်မြန်ဆန်ပြီး၊ ကျောက်ဖူနဲ့ ဘိုင်ချီတို့ရဲ့ရှေ့မှာ ချက်ခြင်းဆိုသလို ထွက်ပေါ်ထွက်လာခဲ့သည်။ ဘိုင်ချီ ကျောက်ဖူ ရှေ့မှ ချက်ခြင်းပဲ လမ်းကိုပိတ်ဆို့လိုက်ပြီး၊ ကာထားလိုက်ကာ သူရဲ့ဓါးနဲ့ အရိုးစုဓါးကို ထိပ်တိုက် တွေ့ဆုံခဲ့လိုက်သည်။

ဘိုင်ချီနှင့်ရင်ဆိုင်ရတဲ့အခါမှာတော့ အရိုးစုဓါးသမားက သူဓါးနှင့် ဓါးလွယ်ခုတ် ခုတ်ချလိုက်သည်။

ဘိုင်ချီ အရိုးစုဓါးသမားရဲ့ဓါးလွယ်ခုတ်တိုက်ခိုက်ချက်မှုကို ပိတ်ဆို့ဖို့အတွက် သူရဲ့ ဓားကိုမြှောက်လိုက်ပြီး၊ ခုခံကာကွယ်လိုက်သည်။ ဘိုင်ချီနှင့် အရိုးစု ဓါးသမားတို့ အကြိမ်ရေတော်တော်များများ တိုက်ခိုက်ခဲ့ကြသည်။ အရိုးစုဓါးသမားနှင့် ဘိုင်ချီ တို့ တိုက်ခိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ဓါးချင်းထိသံတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။ အရိုးစုဓါးသမားက တိုက်စစ်အပေါ်သာ လုံးလုံးအာရုံစိုက်ထားခဲ့ပြီး၊ ခုခံမူကို လုံးဝဂရုမစိုက်ခဲ့ပါဘူး။

အရိုးစုဓါးသမားရဲ့ တိုက်ခိုက်မှုကို အကြိမ်အနည်းငယ်လောက် ပိတ်ဆို့အပြီးမှာတော့ ဘိုင်ချီ အရိုးစုဓါးသမားရဲ့ တိုက်ခိုက်မှု ပုံစံတွေကို နားလည်လာခဲ့သည်။ အရိုးစုဓါးသမားရဲ့ တိုက်ခိုက်ချက်က အောက်ကို စိုက်ပြီး ကျရောက်လာချိန်မှာတော့ ဘိုင်ချီ သူရဲ့ခန္ဓာကိုယ်ကိုဓါးချီတွေနဲ့ ဖုံးလွှမ်းလိုက်ပြီး၊ ပင့်ဓါးတစ်ချက်နဲ့ ပြန်တိုက်ခိုက်လိုက်သည်။

ဘန်းးး

အရိုးစုဓါးသမားက ၆ မီတာ ၇ မီတာလောက် လွှင့်ထွက်သွားခဲ့ပြီးနောကိ မြေပေါ်ကို ပြန်ပြုတ်ကျလာခဲ့သည်။ သူ့ရဲ့ နံရိုးအချို့ ကျိုးကြေသွားခဲ့သော်လည်း သူကတော့ အခြေအနေ ကောင်းနေဆဲပါ။ အရိုးတွေ ကို ပြန်လည် တည့်မတ်လိုက်ပြီး တစ်ဖြည်းနဲ့ပဲ မတ်တတ်ရပ်လာခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now