အပိုင်း (၁၂၆)

220 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂၆ )
Chapter 126             ကမ္ဘာ့ကို ကိုင်လှုပ်ခြင်း

  လီ မိသားစုရဲ့ခန်းမထဲမှာရိှ‌ေနတဲ့ စားပွဲရှည်တစ်ခုမှာတော့ လီမိသားစုရဲ့ဘိုးဘေးဟောင်းက လီဘိုင်ချင်းရဲ့ ဘေးမှာ ထိုင်နေခဲ့ပါတယ်။ စားပွဲတစ်ဝိုက်မှာ‌ေတာ့ လီ အဓိက မိသားစုရဲ့ အခြား အရေကြီးတဲ့ ပုဂ္ဂိုလ်တွေ ထိုင်နေကြပါတယ်။

လီမိသားစုရဲ့ ဘိုးဘေး‌ေဟာင်းက အရေးကြီးနေတဲ့ အမှုအရာနဲ့ ပြောလိုက်ပါတယ်။
“ အခုဆို ချင်ရဲ့ အမွေခံက သူ့ရဲ့ ရက်စက္မှု‌ေတွကို ထုတ်ဖော်ပြသခဲ့ပြီး၊ ကမ္ဘာတစ်၀ှမ်းကို ဆူပူအုံကြွ ေစခဲ့တယ်။ အဖွဲ့အစည်း တွေက မဟာ ချင်ရဲ့ အမွေခံ အကြောင်းကို စုံစမ်းဖို့ ကြိုးစားနေကြတယ်။ ငါတို့ လီမိသားစု အနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်။ မဟာ ချင်က အတော်လေးကို အစွမ်းထက်လာတာကြောင့် တရုတ်ရဲ့ အင်အားကြီး မိသားစုကြီး ၄ခုက အတော်လေးကို သတိထားလာကြပြီ။ ငါတို့ မဟာတန်ရဲ့ အမွေခံက နည်းနည်းအားနည်းနေသေးပေမယ့် ဒီလိုလုပ်သင့်တယ်လို့တော့ထင်တယ်။ မင်းတို့ အမြင်ကို ငါ့ကို ပြောကြ။"

ဘိုးဘေးရဲ့ဘေး တစ်ယောက်ကျော်မှာတော့ လီမိသားစုရဲ့ အဓိက မျိုးဆက် တစ်ဦးဖြစ်တဲ့ သတ်လတ်ပိုင်း အရွယ် လူတစ်‌ေယာက်ရဲ့ ဘေးမှာ လီဘိုင်ချင်း ထိုင်‌ေနခဲ့ပါတယ်။ လီဘိုင်ချင်းက မဟာတန်ရဲ့အမွေခံ ဖြစ်လာပြီးနောက် လီမိသားစုရဲ့ သွေးမျိုးဆက် အားလုံးက လီဘိုင်ချင်းကို လီမိသားစု သွေးမျိုးဆက်ဟာ အရာအားလုံးကို အုပ်စိုးနိုင်တဲ့ အကြောင်းကို လက်ခံ အသိအမှတ်ပြုခဲ့ပြီးပါပြီ။

သူ ယခင် အဖြစ်အပျက်‌ေတွကို ပြန်စဉ်းစားကြည့်မိလိုက်တဲ့အတွက် သူ့ မျက်နှာဟာ အတော်လေး ဖြူဖျော့ဖျော့ဖြစ်နေခဲ့ပါတယ်။ လီ မိသားစုရဲ့ ပင်မသွေးမျိုးဆက်ထဲက ဘိုးဘေးတစ်ဦးရဲ့ သွေးကြောအမွေကို ရရှိခဲ့တာ‌ေကြာင့် သူ့ရဲ့ သွေးကြောဟာ အလွန်စင်ကြယ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ မဟာ တန်ရဲ့ ကံကြမ္မာကို ပိုင်ဆိုင်ခဲ့ရပါတယ်။ သူလည်း အခြားသူတွေလိုပဲ ကျောက်ဖူရဲ့ လွှမ်းမိုးနိုင်တဲ့ နဂါးရဲ့ ဟိန်းဟောက်သံကို ကြားခဲ့ရပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now