အပိုင်း (၃၅)

256 34 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃၅ )   အင်အားကြီးသောမိသားစုတွေရဲ့ကမ္ဘာ
Chapter 35        

ဒီအလုပ်တာဝန်တွေကိုကြည့်လိုက်ပြီးနောက် ကျောက်ဖူ မဟာ ချင် ကျေးရွာကို မပြန်ခင်မှာ ပစ္စည်းအချို့ဝယ်ယူဖို့အတွက် ဈေးဆိုင်အချို့ကိုသွားခဲ့လိုက်သည်။ အဲ့ဒီအချိန်မှာပဲ  တစ်စုံ တစ်ယောက်ကသူ့နောက်ကနေ ရုတ်တရက် အော်ဟစ်လိုက်တာကို ကြားလိုက်ရသည်။

ကျောက်ဖူ လှည့်ကြည့်လိုက်တဲ့အခါမှာတော့  နူးညံ့သိမ်မွေ့တဲ့ မျက်နှာအသွင်အပြင်နဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုတစ်ယောက်ကို တွေ့ခဲ့လိုက်ရသည်။ သူမသည် အစိမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး၊ ယဉ်ကျေးနူးညံ့သိမ်မွေ့ပုံပေါက်နေခဲ့သည်။ အားနည်းတဲ့အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်ထားခဲ့ပြီး၊ သူမကို အခြားသူတွေက အကာအကွယ်ပေးချင်တဲ့ အသွင်အပြင် ရှိနေခဲ့သည်သည်။

သူမရဲ့အချက်အလက်တွေက အတော်လေးထူးခြားပြီး၊ သာမာန်မဟုတ်သလိုမျိုးပါ။ သူမရဲ့ နောက်မှာ နောက်လိုက် ၁၀ ယောက်ခန့်ရှိနေပြီး၊ အချို့က သူမကို အကာအကွယ်ပေးဖို့အတွက် တာ၀န်ရှိနေပုံပေါက်ပြီး၊ အချို့ကတော့မိသားစုတစ်ခုထဲမှ ဖြစ်ပုံရပါတယ်။ သူတို့အားလုံးသည် ထူးခြားနေပြီး၊ အရှိန်အဝါတွေကို ဖုံးကွယ်ထားကြသည်။ အခုအချိန်မှာတော့ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးသည် အင်အားကြီးတဲ့မိသားစုတွေရဲ့ ကမ္ဘာကြီးဖြစ်နေခဲ့ပါပြီ။ သာမန်လူတွေအနေနဲ့ အင်အားကြီး မိသားစုကြီးတွေကို မယှဉ်နိုင်ကြပါဘူး။

အနီးအနားမှာရှိနေတဲ့ စောင့်ကြွားကြွားပုံစံရှိတဲ့ လူငယ်တစ်ယောက်က အဲ့ဒီ့မိန်းကလေးကို တွေ့မြင်ပြီးနောက် “ ယုအာ” လို့ ကျယ်လောင်စွာ အော်ဟစ်လိုက်တဲ့အချိန်မှာတော့ အဲ့ဒီလူငယ်ရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အဲ့ဒီနောက် သူက လူရမ်းကားအုပ်စုနဲ့အတူ ကျောက်ဖူနှင့် ဘိုင်ချီ တို့ကို ကျော်ဖြတ်သွားခဲ့သည်။

ယုအာက အဲ့ဒီဆောင့်ကြွားကြွားလူငယ်ကို မြင်လိုက်တဲ့အခါမှာတော့ အနည်းငယ် စိတ်ပျက်သွားခဲ့ပြီးနောက် သူမက နောက်လိုက်တွေကို အမိန့်အနည်းငယ်ပေးခဲ့လိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now