အပိုင်း (၁၂၀)

218 18 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂၀ )
Chapter 120          ကမ္ဘာ့အုပ်စိုးရန်ယုံကြည်မှု

ဒီအဆောက်အဦက မဟာ ချင် ကျေးရွာရဲ့ပထမ ဆုံး စာပေသင်ကြားတဲ့ အကယ်ဒမီ ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် ကျောက်ဖူ အချိန်ယူပြီး စဉ်းစားခဲ့ပါတယ်။ ဒီအကယ်ဒမီကျောင်းက မဟာ ချင် ကျေးရွာရဲ့ အနာဂတ်ဖြစ်လာမှာဖြစ်ပြီး၊ ဒီကျောင်းက တရုတ်မှာရှိနေတဲ့ ဆင်ဟွာ တက္ကသိုလ်နဲ့ ပီကင်းတက္ကသိုလ် တို့လို ဖြစ်လာမှာပါ။

  ကျောက်ဖူ ဒီကိစ္စကို ခဏလောက်စဉ်းစားခဲ့ပြီး နောက် 'တက်နေဝန်း ချင်အကယ်ဒမီ ' လို့နာမည် ပေးခဲ့လိုက်ပါတယ်။

ဒီနာမည်နောက်ကွယ်က အဓိပ္ပာယ်က‌ေတာ့ အတော်လေးကို ရိုးရှင်းပါတယ်။ ပထမအချက်ကတော့ ဒီအကယ်ဒမီ‌ေကျာင်းဟာ မဟာ ချင်ကျေးရွာရဲ့ ကနေဦးကျောင်း ဖြစ်တာပါပဲ။   ဒုတိယအချက်ကတော့ ဒီအကယ်ဒမီကျောင်းက မဟာ ချင် မြင့်တက်ဖို့ အရှိန်ယူနေတုန်းမှာ ပေါ်ပေါက်လာလို့ပါ။ တတိယအချက်ကတော့ ဒီအကယ်ဒမီ‌ေကျာင်းဟာ ထူးချွန်တဲ့သူတွေကို အများကြီး မြှင့်တင်ပေးမှာ မလို့ပါ။

မန်ဟေ့ရန်က ဒီတက်နေဝန်း ချင်အကယ်ဒမီကျောင်းရဲ့ ပထမဆုံးကျောင်းအုပ်ဖြစ်လာခဲ့ပါတယ်။ သူအနေနဲ့ ကျောင်းသားအားလုံးကို ကိုယ်တိုင်သင်ကြားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီပြသနာကို အရင်ကတည်းက စဉ်းစားထားခဲ့ပြီး၊ အကယ်ဒမီကို ဆောက်လုပ်နေစဉ်မှာပဲ စာဖတ်တတ်သူ ၁၀ ယောက်ခန့်ကို ရှာဖွေခဲ့ပါတယ်။  သူအနေနဲ့ သူတို့ကို မည်သို့စာသင်‌ေပးရမယ် ဆိုတာကို သင်ပေးခဲ့ပြီး၊ သူတို့ကို ဆရာ မဖြစ်ခင်မှာ သင်တန်းအချို့ ပေးခဲ့ပါ‌ေသးတယ်။

ကျောက်ဖူကို အံ့အားသင့်စေခဲ့တာကတော့ အက်စနီဟာ ဆရာဖြစ်ဖို့ ရွေးချယ်ခဲ့တာပါပဲ။   သူမက ငယ်ရွယ်သေးပေနယ့် မန်ဟော့ရန်ရဲ့  စမ်းသပ်မှုတွေကို အောင်မြင်ခဲ့ပြီး၊ ဆရာဖြစ်လာခဲ့ပါတယ်။

တက်နေဝန်း ချင် အကယ်ဒမီ‌ေကျာင်းဟာ အသက် ၁၄ နှစ်နဲ့ အောက် ကလေးများကို သာ‌ေကျာင်း‌ေနဖို့ လက်ခံခဲ့ပြီး၊ အသက် ၁၄ နှစ်နဲ့ အထက် တွေကိုတော့ ကျောင်းနေအရွယ်လို့ မသတ်မှတ်ခဲ့ပါဘူး။ ဒီကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီး မှာတော့  တကယ့်အစစ်အမှန်ကမ္ဘာကနဲ့ တူညီတဲ့ ကျောင်းစနစ်‌ေတွကို အသုံးမချနိုင်‌ေသးပါဘူး၊၊ ဘာဖြစ်လို့လဲဆိုတော့ နှစ်အနည်းငယ် အတွင်းမှာပဲ ဒီကလေးတွေက စစ်မှုထမ်းဖို့ ဒါမှမဟုတ် စစ်ထဲဝင်ကြရ‌ေတာ့မှာ မလို့ပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now