အပိုင်း (၇၂)

232 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၇၂ )
Chapter 72             တောပုန်းဓါးပြ ခံတပ်စခန်း

ကျောက်ဖူ စိတ်ထဲမှာပဲ အစီအစဉ် တစ်ခုဆွဲလိုက်ပါတယ်။ ဒါပေမယ့် ရှာအိုဂျင်းနဲ့ အခြားသူတွေ ချက်ခြင်း လက်စားချေရန်ဖို့ ပြောတာကို သဘောမတူခဲ့ပါဘူး။  အဲဒီအစား သူ မေးလိုက်ပါတယ်။
“ မင်းတို့ တွေပဲ လွတ်‌ေမြာက်ခဲ့တာလား။”

ရှာအိုဂျင်းက ရိုသေလေးစားစွာပြန်ဖြေခဲ့ပါတယ်။ " မဟုတ်ပါဘူး၊ အရှင်။ ကျွန်တော်တို့ထဲက  လူ (၃၀)လောက် လွတ်မြောက်ခဲ့တာပါ။"
ကျောက်ဖူ ချက်ချင်း သဘောမတူခဲ့တဲ့အတွက်  ရှာအိုဂျင်း စိတ်အားငယ်သွားခဲ့ပါတယ်။

"မင်းတို့ထဲမှာ ယောက်ျား‌ေလးဘယ်နှစ်ယောက်ရှိလဲ။" ကျောက်ဖူ ထပ်မေးလိုက်ပါတယ်။

“ ကျွန်တော့်အပြင် နောက်ထပ် ၂၁ ယောက်ရှိပါတယ်။" ရှာအိုဂျင်း ပြန်ဖြေလိုက်ပါတယ်။

ကျောက်ဖူ ခနလောက်စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
“ မင်းတို့ လက်စားချေနိုင်အောင် ငါကူညီနိုင်ပေမယ့်၊ မင်းတို့ အပေါ်မှာလည်း မူတည်တယ်။  ကျန်တဲ့သူတွေကို ငါ့ဆီ‌ေခါ်လာခဲ့။"

ရှာအိုဂျင်း ဝမ်းမြေက္ဝမ်းသာဖြစ်သွားပြီး၊ မြေပေါ်ကြိ ဒူးထောက်ကာ အကြိမ်ကြိမ် အရိုအသေ ပေးနေခဲ့ပါတယ်။ ထို့နောက် သူ ပြေးထွက်သွားပါတယ်၊၊ အသားနီညိုညိုဖြစ်နေပြီး၊ ကြမ်းတမ်းတဲ့ အသားအရေ ရှိတဲ့ သူ့လူ ၂၁ ဦးကိုပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့ရွာ ဖျက်ဆီးခံရပြီးတဲ့နောက် ကြမ်းတမ်းခက်ထန်တဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပုံရပါတယ်။

ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာမှာ လူ 'မူလ' ဆိုတဲ့ နေရာကနေ ပေါက်ဖွားလာခဲ့တာပါ။ ဒါပေမယ့် ကျေးရွာ မရှိတော့ရင်တော့ မူရင်းရွာသားတွေဟာ ဒုက္ခသည်တွေဖြစ်လာကြပြီး၊ အခြားရွာကို ရှာရတော့ပါပဲ။

"မင်းတို့ လက်စားချေချင်သလား"  ကျောက်ဖူ ထိုလူတွေကို မေးလိုက်ပါတယ်။

ဒီလူတွေက အသားအရေကြမ်းတမ်းပြီး၊ သနားစရာကောင်းတဲ့အခြေအနေမှာရှိနေပေမဲ့ သူတို့မုန်းတီးမှု‌ေတွကိုတော့ ဖုံးကွယ်မထားနိုင်ကြပါဘူး။အားလုံးက တစ်ညီထဲ ဖြေခဲ့ကြပါတယ်။
"ဟုတ်ပါတယ်"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now