အပိုင်း (၆၈)

226 30 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၈ )
Chapter 68       မှင်ရောင် မျက်လုံး ကောင်းကင်ဘုံ ပညာရပ်

လူတိုင်းက ပထမဆုံးအထပ် ခန်းမထဲမှာရှိ‌ေနတဲ့ထောင့်တစ်‌ေနရာကို ကြည့်လိုက်ကြတဲ့အခါမှတော့  ဝတ်ရုံရှည် ခြုံထားတဲ့ လူတစ်ယောက် မတ်တပ်ရပ်နေတာကို တွေလိုက်ရပါတယ်။ အဲ့ဒီ့သူကတော့ လေလံပစ္စည်းကို ငွေဒင်္ဂါး ၁၈၀,၅၀၀ ပေးပြီး လေလံဆွဲထားတဲ့ ကျောက်ဖူ ပါ။

ကျောက်ဖူ ဘေးမှာ ရှိနေတယ့် ချစ်စရာကောင်းတဲ့ မိန်းကလေးက သိချင်စိတ်ပြည့်နေတဲ့ မျက်လုံးပြူးပြူး ဝိုင်းဝိုင်း‌ေလးနဲ့ ကျောက်ဖူကို ငေးကြည့်နေပါတယ်။

အာရုံစူးစိုက်မှုရဲ့ ဗဟိုချက်ဖြစ်လာပြီးနောက် ကျောက်ဖူ အေးဆေးတည်ငြိမ်စွာဆက်လက် မတ်တပ်ရပ်နေခဲ့သည်။ ကံကြမ္မာ အမွေအနှစ်ကိုလက်ခံရရှိပြီးနောက် သူ့စိတ်အခြေအနေဟာလည်း အလွန်ပြောင်းလဲသွားခဲ့သည်။

လူများစွာက သူ့အသံကိုကြားလိုက်ကြပြီး၊ သူ့ရဲ့ဝတ်ရုံကို မြင်တဲ့အခါမှာ‌ေတာ့ ဘယ်သူလဲ ဆိုတာကို ခန့်မှန်းနိုင်ခဲ့ကြတယ်။သူတို့ သက်ပြင်းသာချလိုက်ကြပါတယ်။ ဒီလူက အမှန်တကယ်ကို အတော်လေးချမ်းသာ ကြွယ်ဝတဲ့သူပါ။ တစ်ချိန်တည်းမှာပဲသူ တော်တော် စိတ်ရှုပ်သွားခဲ့ပါတယ်။ ဘာကြောင့် ဒီလောက်ကြီးကျယ်တဲ့သူ တစ်ယောက်က ပထမထပ်မှာရှိတဲ့ လူတိုင်းကိုဖိအားပေးနေရတာလဲ။ သူတို့သာ အတွင်းကျကျ စဉ်းစားမိရင်တော့

“ ချမ်းသာတဲ့လူတွေ တွေးတဲ့ အတွေးက သာမာန်လူတွေနဲ့ အတော်လေး ကွာခြားတာပဲ ” ဆိုပြီး တွေးမိသွားနိုင်သည်။

ဒီဝတ်ရုံ ဝတ်ထားတဲ့ ပုဂ္ဂိုလ်ကို မသိတဲ့လူတွေလည်း အတော်များပါတယ်၊၊ ဒါကြောင့် သူတို့ပတ်ဝန်းကျင်က လူတွေကို စူးစမ်းလိုစိတ်နဲ့ မေးမြန်းနေကြသည်။

နောက်ဆုံးမှာတော့ ကျောက်ဖူ လေလံပွဲမှာ  လေလံကြေးပေးနေတာကို မြင်လိုက်ရတဲ့ ကစားသမားအုပ်စုအတော်များများဟာ စိတ်လှုပ်ရှား‌သွားခဲ့ကြသည်။ ငွေဒင်္ဂါးပေါင်း ၁၈၀,၀၀၀ ကျော်ကို ပစ္စည်းတစ်ခုတည်းအတွက်လေလံဆွဲဖို့အတွက် ဘယ်ကစားသမားအဖွဲ့ကမှ ဒီလောက် များပြားတဲ့ အရင်းအမြစ်တွေ ရှိမနေခဲ့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now