အပိုင်း (၅၃)

250 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅၃ )
Chapter  53        လျှို့ဝှက်တဲ့ မုန်းတီးမူ

ဒီ အမျိုးသမီးကတော့ ဂျိချင် ပါ။ သူ့ကို ဒီ ခေါ်လာခဲ့တဲ့ တစ်ယောက်ပါ။ ကျောက်ဖူက အနည်းငယ်လောက် စဉ်းစားလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်ပါတယ်။ အဲ့ဒီ့နောက် သူက မေးလိုက်ပါတယ်။
" ဘာကိစ္စ ရှိပါသလဲ"

ဂျိချင် က အနည်းငယ်ပြုံးပြလိုက်ပြီး၊
“ မစ္စတာ ကျောက်၊ အကြီးအကဲ (အမျိုးသမီး) ဇီ က သူနဲ့တွေ့ဖို့ ဖိတ်ခိုင်းလိုက်လို့ပါ။"

ကျောက်ဖူ သူမကို အံ့အားသင့်စွာ ကြည့်လိုက်ပါတယ်။  အကြီးအကဲ (အမျိုးသမီး) ဇီ က ဘယ်သူလဲဆိုတာ သူသိပါတယ်။  သူမကို ရင်းဇီ လို့ခေါ်ပြီး၊ ရင်းမိသားစု ရဲ့ ပင်မ သွေးမျိုးဆက် ၆ မှ ဆက်ခံသူပါပဲ။  သူမ ဘာကြောင့် သူ့ကို တွေ့ချင်ရတာလဲ ။ သူ က မဟာ ချင်ရဲ့အမွေခံဆိုတာ သိနိုင်စရာ ‌အ‌ေကြာင်းမရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘယ်သူ့ကိုမှ မပြောထားလို့ပါ။

"ရင်းဇီ က ဘာလို့ငါ့ကို တွေ့ချင်ရတာလဲ” ကျောက်ဖူက သူမဆီမှ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို တစ်ခုခုများ သိရမလားဆိုပြီး၊ သူက အစ်အောက် မေးမြန်းနေခဲ့တာပါ။ သူ့မကို အသုံးချတာဟာ သူ့အတွက် တန်ဖိုး ရှိနိုင်တယ် ဆိုတာတွေးမိသွားလို့ပါ။

ကျောက်ဖူ ဒီအချက်ကို စဉ်းစားလိုက်မိပြီး၊ ခေါင်းညိတ်လိုက်စဉ်မှာပဲ ဂျိချင်နဲ့ လုံခြုံရေးအစောင့်တွေက ထွက်ခွာသွားနှင့်ကြပါပြီ။ သူတို့ဟာ လှပတဲ့ ဥယျာဉ်တစ်ခုကို ရောက်ရှိလာတဲ့ အခါမှာတော့အသက် ၂၃ / ၂၄ နှစ် အရွယ် လှပတဲ့ မိန်းမပျိုလေးတစ်ယောက် ရှိ‌ေနခဲ့ပါတယ်။သူမဟာ အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး၊ ပန်းတွေအလယ်မှာ ရှိနေတဲ့ နတ်သမီးတစ်ပါး နဲ့တောင် ဆင်တူနေပါတယ်။

ဂျိချင် သူမကို အနည်းငယ် ဦးညွှတ်လိုက်ပြီး၊ ရိုသေမူရှိရှိနဲ့ ပြောလိုက်ပါတယ်။  "အကြီးအကဲ  မစ္စဇီ ရှင့်၊ သူ့ကို ကျမ ခေါ်လာခဲ့ပါပြီ။"

ရင်းဇီ ကတော့ ပန်းသေးသေးလေးတစ်ပွင့်ကိုကောက်ယူလိုက်ပါတယ်။ စွဲဆောင်မူရှိရှိပြုံးလိုက်ရင်း ကျောက်ဖူကိုကြည့်ပြီး၊ ခေါင်းညိတ်ပြလိုက်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now