အပိုင်း (၁၉)

299 31 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၉ )
Chapter 19         ရှင်ခြင်းသေခြင်းစာချုပ် 

စုစုပေါင်း သုံ့ပန်း ၆၄ ယောက်ကို ရရှိခဲ့ကြသည်။ သူတို့ထဲမှာ အမျိုးသမီးဆိုလို့ တတိယသခင်မ တစ်ယောက်ထဲသာ ရှိနေခဲ့သည်။ ဒီလူတွေက လူဆိုးလူမိုက်တွေနှင့် သူခိုးဓါးပြတွေပဲဖြစ်ကြပြီး၊ ဒီဓါးပြကျေးရွာ မှာပဲ အသက်ရှင်ရပ်တည်နေတာဖြစ်တဲ့အတွက် သူတို့က ဖြောင့်မတ်ခြင်းနှင့်ကိုယ်ကျင့်တရားဆိုတာတွေကို နားမလည်ကြပါဘူး။

ကျောက်ဖူက ခဏလောက် စဉ်းစားပြီးတဲ့နောက် ခေါ်ပြီး၊ မေးလိုက်သည်။

"ဝမ်အာဂူ လာခဲ့ဦ ။ အရိုင်းဝံပုလွေကျေးရွာမှာ  ဘယ်သူတွေက ခေါင်းဆောင်လဲဆိုတာနဲ့ ဘယ်သူတွေက ဘယ်လို မတရားတာတွေ ကျူးလွန်ခဲ့သလဲ"

ဝမ်အာဂူ ဖြူဖျော့ဖျော့ဖြစ်နေတဲ့ မျက်နှာနဲ့ ကျောက်ဖူ ဘက်ကို လှည့်ကြည့်လိုက်သည်။  အရိုင်းဝံပုလွေကျေးရွာမှ လူတွေက သူဟာသစ္စာဖောက် ဖြစ်ကြောင်း သူတို့သိသွားတဲ့အတွက် သူ့ကို သတ်ချင်ဖြတ်ချင်စိတ်တွေနဲ့ စိုက်ကြည့်နေခဲ့ကြသည်။

အရိုင်းဝံပုလွေ ကျေးရွာသားတွေကတော့ အလွန် ဒေါသထွက်နေခဲ့ကြပေမယ့် မြိုသိပ်ထားလိုက်ကြရသည်။ ဒီချိန်မှာ သူတို့ဘဝက ဝမ်အာဂူ ရဲ့ လက်ထဲမှာ ရောက်နေခဲ့တာကြောင့်ပါ။ တကယ်လို့ သူကသာ ဒီလူဟာ ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်။ ဒါမှမဟုတ် အကြီးအကျယ် မကောင်းမှုကျူးလွန်ခဲ့ဖူးတယ် လို့ဟာ ပြောလိုက်ရင် အဲ့ဒီလူရဲ့ဘဝက အဆုံးသတ်သွားတော့မှာပါ။ ဝမ်အာဂူ ဒီဝန်ထုပ် ဝန်ပိုးကြီးကို ခံစားခဲ့ရပြီးနောက် သူ့က ဘယ်သူ့ကိုမှ ရဲရဲမကြည့်ရဲခဲ့ပါဘူး။

ဝမ်အာဂူက မြေပေါ်ကို ဒူးထောက်ချလိုက်ပြီး၊ ပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါမှာတော့ ကျောက်ဖူ အလွန်အံဩသွားခဲ့သည်။

“ ဘုရင်မင်းမြတ်၊  ပထမသခင်က ခေါင်းဆောင်ဖြစ်ပြီး၊ မိုက်မဲတဲ့ ပြစ်မူတွေကို အများဆုံးကျူးလွန်ခဲ့တာပါ၊း။ ဒါပေမဲ့ သူလည်း အသတ်ခံရပြီးပါပြီ။ ဒုတိယသခင် ကလည်းသေသွားပါပြီ။ သူတို့အသက်တွေကို ချမ်းသာပေးပါ။ ကျွန်တော်မျိုး ငမိုက်သား က ဘုရင်မင်းမြတ်ထံ ကျွန်ခံပါ့မယ်"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now