အပိုင်း (၅၄)

251 28 0
                                    


အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅၄ )
Chapter  54          မဟာ တန်

လီမိသားစုရဲ့အခြားအခန်းတစ်ခန်းထဲမှာ‌ေတာ့ လီဘိုင်ချင်းသည် ကုလားထိုင်ပေါ်တွင်ထိုင်နေပြီး ၊ စာရွက်စာတမ်းအချို့ကိုလှန်‌ေလှာကြည့်နေခဲ့ပါတယ်။ သူ့ မျက်နှာပေါ်မှာ အံဩသွားတဲ့ အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်ပါတယ်။ “ ငါမှာ အဖေဆူ အမေကွဲ ညီတစ်ယောက် ရှိမယ်လို့ မထင်ခဲ့မိဘူး။"

မဟာ တန် ရဲ့ အမွေခံတစ်ယောက်အနေနဲ့ လီဘိုင်ချင်းသည် လီမိသားစုရဲ့ ထောက်ခံမူကို အပြည့်အဝ ရရှိခဲ့ပါတယ်။ သူက အရင်းအမြစ်တွေအားလုံး သူ့ဆီရောက်လာတဲ့ အခါမှာတော့ သူ့ကိုယ်ပိုင် ထောက်လှမ်းရေးကွန်ယက်တခုကို ဖန်တီးခဲ့ပါတယ်။ သူသိလိုက်ရတာကတော့ သူ့ အဘိုးဟာ ကျောက်ဖူကို  သတ်ဖို့ လုပ်ကြံသတ်ဖြတ်သူ တစ်ယြော် လွှတ်ခဲ့တယ် ဆိုတာပါပဲ။

ဒီအကြောင်းကို စဉ်းစားပြီးနောက်လီ ဘိုင်ချင်းက  "ကျောက်ဖူ၊ လီ မိသားစုက မင်းအပေါ် မှားခဲ့တာပဲ။ မင်းသာ လီမိသားစု ကို ထိခိုက်အောင် မလုပ်ခဲ့ရင်တော့ မင်းကို အနာဂါတ်မှာ ငါ ခွင့်လွှတ်ပေးမယ်။  မင်းက ရင်းမိသားစုရဲ့ အဆက်အနွယ်ဖြစ်‌ေနတာကိုအသုံးချပြီး လီမိသားစုကို ထိခိုက်ဖို့ လုပ်ခဲ့ရင်‌ေတာ့ ငါမသနားနိုင်တာကို အပြစ်မတင်နဲ့"

"အရှင် မင်းမြတ်၊ ကျနော်တို့ အခု ဘာဆက်လုပ်သင့်လဲ”  ကြောက်မက္ဖွယ်ရုပ်ရည်ရှိတဲ့ လူငယ်တစ်ယောက်က ခေါင်းကို ငုံကာ လက်နှစ်ဖက်ကို လက်သီးဆုပ်ကာ မေးမြန်းလာခဲ့ပါတယ်။

ဒီလူငယ်က ထူးခြားတဲ့ နောက်ခံအ‌ေခြအ‌ေန‌ေတွ ရှိ‌ေနပါတယ်။သူဟာ မဟာ တန်ရဲ့  ကျော်ကြားတဲ့ စစ်သူကကြီး မျိုးနွယ်ကဆင်းသက်လာသူဖြစ်ပြီး၊ သူနာမည်ကတော့ လီဂေါင်းရီ ပါ။ သူဟာ သူ့မိသားစုရဲ့‌အရေးပါတဲ့သူတစ်ယောက်ဖြစ်ပေမယ့် လီဘိုင်ချင်းနဲ့ တွေ့ဆုံပြီးနောက်မှာ‌ေတာ့ လီဘိုင်ချင်းရဲ့ ညဏ်များပြီးအရည်အချင်း ရှိတာတွ‌ေကြာင့် အံ့အားသင့်ခဲ့ရပါတယ်။ ဒါကြောင့် သူဟာ မဟာ တန် အားသစ္စာစောင့်သိခြင်းအားဖြင့် သူရဲ့ဘိုးဘေး တာဝန်ထမ်းဆောင်ခဲ့သလို ထမ်း‌‌ေဆာင်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now