အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။

14.2K 1.3K 67
                                    

Unicode

အတွဲ-၁ ကြာပန်းငယ်သည် ၎င်း၏ချွန်ထက်သော ဆူးချွန်များကို ပြသလေ၏။

အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံခြင်း။

[ဒါက သူနဲ့အကျွမ်းတဝင်ရှိတဲ့ ဇာတ်ကွက်တစ်ခု မဟုတ်ဘူး...]

ချင်းဝူခရိုင်၊ မေ့ကျူးတောင်။

စုယန်သည် သစ်ပင်တစ်ပင်၏ အကိုင်းအခက် တစ်ခုပေါ်တွင်ထိုင်နေ၏။

သစ်ပင်အောက်တွင်မူ အနက်ရောင်ပုံရိပ်နှစ်ခုနှင့် အဖြူရောင် ပုံရိပ်တစ်ခုတို့ တိုက်ခိုက်လျက်ရှိသည်။

လေသည် အရှိန်ပြင်းစွာတိုက်ခိုက်လျက်ရှိပြီး သွေးနံ့များက လေထုကို လွှမ်းခြုံနေသည်။ စစ်ဆင်ရေးတစ်ခုစီတိုင်း၊ တိုက်ခိုက်မှု တစ်ခုစီတိုင်းသည် ပြိုင်ဘက်၏အရေးကြီးသော နေရာများဆီသို့ ဦးတည်လျက်ရှိသည်။

အနက်ရောင်၀တ်စုံနဲ့ နှစ်ယောက်တွင် ပထမ တစ်ယောက်သည် ပိန်ပိန်ပါးပါးဖြစ်ပြီး ပါးစပ်အလွန် သရမ်းကာ ဒုတိယတစ်ယောက်ကတော့ ခပ်ဝဝ လူတစ်ယောက်ဖြစ်သည်။

ပိန်လှီသောလူသည် သူ၏ဓားကောက်နဲ့ တိုက်ခိုက်နေရင်း ရက်စက်သောအပြုံးကို ထုတ်ဖော်ပြသလျက် လှောင်ပြောင်လိုက်သည်။

"သိုင်းလောကရဲ့ ကျားငယ်? ဖြောင့်မတ်တဲ့ လူငယ်သူရဲကောင်း? ငါတော့ မထင်ပါဘူး.. မင်းရဲ့ ကျွမ်းကျင်မှုနဲ့ တခြား သိုင်းပညာရှင်ငယ်အားလုံးကို ချနင်းနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား"

ဝဖိုင်တဲ့လူက စကားမပြောပေမယ့် သူ့တိုက်ခိုက်မှုက ပိန်လှီတဲ့သူအောက် မနိမ့်ပေ။ ဓားချက်တိုင်းသည် ခြိမ်းခြောက်မှုအားကောင်းပြီး ရန်လိုလျက်ရှိ၏။

ထိုလူနှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်နေတဲ့ အဖြူဝတ်နဲ့ လူဟာ ငယ်ရွယ်သော်လည်း သူ၏လှုပ်ရှားမှုတွေသည် သန်မာပြီး ရဲရင့်နေသည်။ ပြိုင်ဘက်နှစ်ယောက်နဲ့ ရင်ဆိုင်ရချိန်မှာတောင် ကြောက်ရွံ့တဲ့ အရိပ်အယောင် မပြပေ။

သူသည် ငယ်ရွယ်သေးသဖြင့် အတွင်းအားက ချို့တဲ့နေဆဲ ဖြစ်သည်။ သိုင်းပညာတွင် မည်မျှပင် နာမည်ကြီးပြီး ကျွမ်းကျင်နေပါစေ ဤလူနှစ်ယောက်၏ ဝိုင်းရံမှုအောက်တွင် အချိန်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ပေ။ သူတို့၏ ဓားများသည် နောက်ဆုံးတွင် သူ့ထံသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now