အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။

2.6K 530 36
                                    

Unicode

အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း

[ဒီနေ့ကို ဆုပ်ကိုင်ထားပြီး ပစ္စုပ္ပန်ကို မြတ်နိုးချင်တယ်...]

စုယန်သည် ထန်းယွင်စံအိမ်မှ တည်းခိုခန်းသို့ပြန်လာပြီးနောက် အပြင်ထပ်မထွက်တော့ပေ။

အခန်းတွင်း၌ တင်ပျဉ်ခွေထိုင်ကာ 'မရဏပန်း ခြောက်ပွင့်' ကျင့်စဉ်ကို လေ့ကျင့်နေခဲ့၏။ ပြီးနောက် 'ရေခဲကိုးလွှာပွင့်လန်းခြင်း'၏ တိုက်ကွက်များကို ဓားအသုံးပြုခြင်းမရှိဘဲ လက်ချောင်းများကို အသုံးပြု၍သာ နှစ်ကြိမ်တိုင်တိုင် လေ့ကျင့်ခဲ့လေသည်။

နေ့လည်စာ စားပြီးချိန်တွင် စုယန်သည် ဘာမှလုပ်စရာမရှိသဖြင့် တရေးတမောအိပ်ရန် ကြိုးစားပါသော်လည်း အိပ်မပျော်နိုင်၊ ရင်ထဲ၌ တင်းကျပ်လို့ နေလေသည်။

သူ ဖျော်ဖြေရေးလောကသို့ မ၀င်မီက အိမ်တွင် တစ်ယောက်တည်းသာနေထိုင်ခဲ့ပြီး အကမျိုးစုံကို တိုက်ရိုက် ထုတ်လွှင့်ပေးလေ့ရှိသည်။ အစား
အသောက်များကိုလည်း အပြင်ကသာ အမြဲတမ်း မှာယူစားသောက်၏။ အလွန်ပျင်းရိသော အချိန်များ၌မူ delivery ကို လမ်းကြုံ အမှိုက်ပစ်ပေးရန်ပင် အကူအညီတောင်းတတ်လေသည်။ စုယန်သည် ဤသို့ အပြင်မထွက်ဘဲ တစ်ပတ်ကြာသည်အထိ အိမ်တွင်းပုန်းနေနိုင်ခဲ့ပါ၏။

သို့သော် ဤနေရာသို့ ရောက်သည်မှာ တစ်ရက်ခွဲသာ ရှိသေးသော်လည်း သူ အဘယ်ကြောင့် သည်းမခံနိုင်အောင် ငြီးငွေ့လာရသနည်း?

စုယန်သည် ၎င်းမှာ မိုဘိုင်းဖုန်းနှင့် အင်တာနက်မရှိခြင်းကြောင့်ဟု ခံစားမိသည်။ ကိုယ်တွေ့ချင်သည့်သူကို မတွေ့နိုင်သည့်အပြင် massage လေးတောင် မပို့နိုင်ပါချေ။ ၎င်းကို သည်းခံနိုင်ဖို့မှာ ခက်လှသည်။

မကြာမီတွင် စုယန်သည် စက္ကူပုံးတစ်ခုကို ရှာတွေ့သွားခဲ့ပြီး လေးထောင့်သဏ္ဍာန်လေးများ ဖြတ်ကာ အချိန်ကုန်မြန်စေရန် စက္ကူကြိုးကြာများကို စတင်ခေါက်ခဲ့သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now