အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။

4.4K 868 21
                                    

Unicode

အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။

[သူ့ကို အနိုင်ယူဖို့ စေလွှတ်လိုက်တာဖြစ်ရမယ်!]

ညက မှောင်နေပြီဖြစ်ပြီး လရောင်က ရေကဲ့သို့ တောက်ပနေသည်။

မြင်းစီးအဖွဲ့သည် ကော့ပိသဲကန္တာရ၌ တိတ်တဆိတ် ခရီးနှင်နေကြ၏။

ဖန်ရှီနှင့် စကားပြောပြီးနောက် စုယန်၏စိတ်အစဉ်သည် ကမောက်ကမ ဖြစ်နေလေသည်။ သူသည် စိတ်ဓာတ်ကျလွန်းသောကြောင့် ခေါင်းငုံ့နေပြီး စကားပင်မဆိုပါတော့ချေ။

ဖန်ရှီနှင့် ဖူလင်းယွင်တို့၏ ဆက်ဆံရေးသည် မထင်မှတ်ဘဲ ကောင်းကင်မှ တစ်စုံတစ်ခု ပြုတ်ကျလာသကဲ့သို့ ဗြုန်းစားကြီးဖြစ်ပြီး နောက်ဆက်တွဲ ဇာတ်လမ်းကို လုံးဝ အနှောင့်အယှက် ဖြစ်စေသည်။

ဖူလင်းယွင်သည် ကျောက်စိမ်းအိမ်တော်၌ ဖန်ရှီ့အား စောင့်ဆိုင်းနေသည်ဟု ယခင်က ကုဖေးတိ ပြောခဲ့ဖူးသည်။ ထိုအချိန်က စုယန်သည် သူတို့ နှစ်ယောက်ဟာ အတန်းဖော်ဆက်ဆံရေးထက် ပိုနက်ရှိုင်းသည့် သူငယ်ချင်းများ ဖြစ်နေကြပြီဟု ယူဆခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် မေတ္တာမျှနေကြလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် နောက်ဆက်တွဲ ဇာတ်လမ်းကိုဖြေရှင်းရန်မှာ အတော်လေး ပြဿနာဖြစ်ရသည်။

ဇာတ်လမ်းဇာတ်ကြောင်းမှာ အဆိပ်ဖြေဖို့ ဇာတ်လိုက်မ မရှိပါက လောလောဆယ် ကုဖေးတိခန္ဓာကိုယ်ထဲမှ ကူအဆိပ်ကို မည်သို့လုပ်မည်နည်း?

နောက်ဆက်တွဲဇာတ်လမ်းများတွင် ဇာတ်လိုက်မသည် ဇာတ်လိုက်၏ဘေးတွင်သာ အမြဲရှိနေလေသည်။ ယခုမူ သူမည်သို့လုပ်ရတော့မည်နည်း?

ထိုသို့တွေးရင်း စုယန် ခေါင်းလှည့်လိုက်ပြီး ဖူလင်းယွင်နှင့် ဖန်ရှီတို့ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူဒေါသတကြီး မညည်းတွားဘဲ မနေနိုင်ပါချေ။

ကုဖေးတိသည် စုယန်၏အကြည့်ကို လိုက်ကြည့် ပြီးနောက် ခေါင်းငိုက်စိုက်ကျနေသော စုယန်ကို ပြန်ကြည့်လိုက်သည်။ စုယန်၏ စိတ်ဓာတ်ကျမှုက သူ့ဆီကူးစက်သွားသကဲ့သို့ သက်ပြင်းချလိုက်ပြီး သူ၏မေးစေ့ကို စုယန်၏ပခုံးပေါ် ညင်သာစွာ တင်လိုက်လေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now