အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။

4.1K 737 22
                                    

Unicode

အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။

[ဒါက ဘယ်လို‌မှော်ဆန်တဲ့ အချစ်အမုန်း ဒရမ်မာဇာတ်လမ်းမျိုးလဲ?]

"မင်း ဒီလောက်ထိ ထိတ်လန့်နေစရာမလိုပါဘူး" စုဟွိုက်ကျူးကဆိုသည်။

"ဒီတောင်းဆိုမှုက မင်းအတွက် ခက်ခဲမှာမဟုတ်ဘူး"

သူက အင်္ကျီလက်ထဲက စာတစ်စောင်ကို ထုတ်ပြီး ကုဖေးတိကို ပေးလိုက်သည်။

စာကို အလုံပိတ်ထားခြင်းမရှိသောကြောင့် ၎င်းပါအကြောင်းအရာများကို ကုဖေးတိမှ အတားအဆီးမရှိ ရှင်းလင်းစွာတွေ့မြင်နိုင်ပေ၏။

"အဲဒီနှစ်က သဘောတူညီချက်က အခု အကျုံးဝင်သေးလား?"

ခေါင်းစဉ်မရှိ၊ လက်မှတ်မရှိ၊ ဝါးစည်းနှင့်ဆင်တူသော စာရွက်၏ထောင့်တွင် စကားလုံးအနည်းငယ်မျှသာပါရှိသည်။

ကုဖေးတိက မိစ္ဆာဂိုဏ်းချုပ်ကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။

စုဟွိုက်ကျူးက ပြောလာပါ၏။

"ဒီစာကို ခေါင်းဆောင်ကုဆီပို့ပေးပါ။ ငါ မင်းကို အမှတ်အသားတစ်ခုပေးပြီး စုယန်ကို ကူညီနိုင်မယ့်သူကိုရှာဖို့ သူ့ကိုခေါ်သွားခွင့်ပြုမယ်"

"ကျွန်တော့်ရဲ့အဖေ?" ကုဖေးတိ အံ့သြသွားရသည်။

"ဟုတ်တယ်" စုဟွိုက်ကျူး၏ မျက်လုံးများမှာ နက်မှောင်နေ၏။

"...မင်းရဲ့အဖေ"

ကုဖေးတိက စာကိုယူရန် လက်မလှမ်းခဲ့ပေ။

ကုဖေးတိ၏မယုံကြည်မှုကိုမြင်တော့ စုဟွိုက်ကျူး က ပြောလိုက်သည်။

"ခေါင်းဆောင်ကုနဲ့ငါက ကျောက်စိမ်းအိမ်တော်မှာ အတန်းဖော်တွေဖြစ်ခဲ့ဖူးတယ်ဆိုတာ မင်းကြားဖူးမှာသေချာပါတယ်..."

လွန်ခဲ့သော အနှစ်နှစ်ဆယ်က လက်ရှိ မိစ္ဆာဂိုဏ်းချုပ် စုဟွိုက်ကျူးသည် ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခဲ့သည်။ ကျောက်စိမ်းအိမ်တော်၌ ပညာသင်ယူနေစဉ်အတွင်း လက်ရှိ ဝူလင်မဟာမိတ်ခေါင်းဆောင် ကုရော့ဟိုင်နှင့် သူငယ်ချင်းများ ဖြစ်ခဲ့ကြပေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now