အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။

2K 397 4
                                    

Unicode

အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။

[စာရွက်ပေါ်ရှိ စကားလုံးဆယ့်ခြောက်လုံး...]

လော့ယွီ၏အခန်းဆီသို့ လျှောက်သွားသည့်လမ်း၌ စုယန်၏ စိုးရိမ်စိတ်များမှာ တစ်စတစ်စ ပို၍ပြင်းထန်လာ၏။

သူသည် သူ့ခန္ဓာကိုယ်ရှိ ပြဿနာနှင့် ရေခဲဝိညာဉ်အကြောင်းကို လော့ယွီထံမှ အတိကျဆုံး စီရင်ချက်ကိုရတော့မည်ဖြစ်သည်။ တိလင်းရှစ်ကျဲ သတိပေးခဲ့သော 'သက်တမ်းကိုထိခိုက်စေလိမ့်မယ်' ဟူသည့် စကားက သူ့ရဲ့ကျန်းမာရေးကို သတိပေးရုံပဲလား ဒါမှမဟုတ်... သူသေသွားနိုင်တယ်လို့ ဆိုလိုတာလား?

စုယန်၏ မသိစိတ်ထဲ၌ ဤကမ္ဘာကြီးသည် စိတ်ကူးယဉ်သက်သက်သာဖြစ်သည်ဟု နက်ရှိုင်းစွာ ခံစားနေရဆဲဖြစ်ပြီး သေခြင်းတရားကို မကြောက်သေးပေ။ သို့သော် 'ထာဝရခွဲခွာခြင်း' အကြောင်းကို တွေးမိသောအခါ နောက်ဆုံးတော့ အနည်းငယ် ကြောက်စိတ်ဝင်သွားခဲ့သည်။

စက္ကန့်ပိုင်းလေးအတွင်းမှာ သူထွက်ပြေးချင်သည့် ရည်ရွယ်ချက်ပင် ပေါ်ထွက်လာခဲ့၏။ သို့သော်...
သူ့ရဲ့အတည်ပြုချက်ကို မရတာနဲ့ သူကြောက်နေတဲ့ ကိစ္စက ဖြစ်မလာတော့ဘူးတဲ့လား?

နောက်ဆုံးတော့လည်း စုယန်သည် လော့ယွီ၏
အခန်းထဲသို့ လိုက်သွားခဲ့သည်။

လော့ယွီက စကားသိပ်ပြောမနေဘဲ စုယန်အား သွေးခုန်နှုန်းကို စစ်ဆေးရန််အတွက် ထိုင်ခိုင်းလိုက်၏။

ခဏအကြာတွင် လော့ယွီက မျက်မှောင်ကြုတ်ကာ သူ့လက်ကို ပြန်ရုတ်လိုက်သည်။

"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အရမ်းအေးတဲ့စွမ်းအင်တွေ ရှိနေတယ်။ နှင်းတောင်၊ ရေခဲပြင် ဒါမှမဟုတ် ရေအေးကန်ကြီးတစ်ခုခုထဲမှာ စွန့်စားခန်းတစ်ခုခုနဲ့ ကြုံခဲ့ဖူးလား?"

စုယန်က ပြန်ဖြေလိုက်သည်။

"ကျောက်စိမ်းအိမ်တော်က ကျောက်စိမ်းကြေးမုံရေကန်မှာ ကြုံဖူးပါတယ်။ အဲ့တုန်းက ရှစ်ကျဲကတော့ အဲ့ဒါက ရေခဲဝိညာဉ်လို့ပြောခဲ့တယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now