အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။

832 127 0
                                    

Unicode

အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။

[လူဆိုးအဖြစ် သရုပ်ဆောင်ရတာ မိုက်တယ်!]

စုယန်နှင့် ကုဖေးတိတို့သည် လန်ယန်းမြို့ရှိ တည်းခိုခန်းတွင် ရက်အနည်းငယ်ကြာအောင်နေခဲ့ပြီးအရှေ့ဘက်ကမ်းရိုးတန်းရှိ ချိဟွားခရိုင်တွင် သူတို့ရှာနေသော လူနှစ်ဦးကို မြင်တွေ့ခဲ့ရကြောင်း ထန်းယွင်စံအိမ်ထံမှ သတင်းရရှိခဲ့သည်။ ထိုလူနှစ်ဦးသည် ချမ်းသာသည့် လုပ်ငန်းရှင် တော်တော်များများထံမှ လုယက်ပြီးနောက် အစအနမရှိအောင် ပျောက်ကွယ်သွားခဲ့သည်။ ကံကောင်းစွာဖြင့်၊ ထန်းယွင်စံအိမ်၏ ကင်းထောက်များသည် ၎င်းတို့ကို ရှာတွေ့သွားပြီး သတင်းအချက်အလက်များကို ပေးပို့နိုင်ခဲ့သည်။

နှစ်သစ်ကူးရန် လဝက်သာ လိုတော့ပြီး ကုရော့ဟိုင်သည် သတင်းစကားတစ်ခု ပေးပို့ခဲ့သည်။ သူတို့သည်နှစ်ကုန်တွင် မိစ္ဆာဂိုဏ်း၏အရေးကိစ္စများကို အပြီးသတ်ကိုင်တွယ်ပြီးနောက် စုဟွိုင်ကျူးနှင့်အတူ ထန်းယွင်စံအိမ်သို့ ပြန်သွားရန် စီစဉ်ထားကြောင်း ဆို၏။ ဖူလင်းယွင်သည် စုယန်နှင့် ကုဖေးတိအား နှစ်သစ်ကူးပြီးသည်အထိ လန်ယန်းမြို့၌နေရန် အဆိုပြုခဲ့သည်။

သို့သော် စုယန်၏ နှစ်ဆယ်နှစ်မြောက်မွေးနေ့သည် နီးကပ်လာပြီး ကုဖေးတိသည် ပြဿနာများဖြစ်လာမည်ကို ကြောက်ရွံ့ကာ ဆက်အချိန်မဆွဲချင်တော့ပါ။ ထို့ကြောင့် သူသည် ချိဟွားခရိုင်သို့ ချက်ခြင်းထွက်ရန် ဆုံးဖြတ်ခဲ့သည်။

လန်ယန်းမြို့မှ အရှေ့ဘက်ကမ်းရိုးတန်းသို့ ရောက်ရှိရန်အတွက် အလယ်ပိုင်းလွင်ပြင်ဒေသ၏ ထက်ဝက်ကျော်ကို ဖြတ်သန်းရန် လိုအပ်သည်။ သူတို့နှစ်ယောက်စလုံး မြင်းစီးပြီး အများသူငါလမ်းတလျှောက် ခပ်သုတ်သုတ် ခရီးဆက်လာရင်း နောက်ဆုံးတော့ ဆယ့်နှစ်လပိုင်း၏ နှစ်ဆယ့်ခုနစ်ရက်နေ့ကို ရောက်ရှိလာလေပြီ။

ထန်းယွင်စံအိမ်၏ကင်းထောက်အစီရင်ခံစာကိုအခြေခံ၍ ထိုသိုင်းပညာရှင်ညီနောင်သည် ချိဟွားခရိုင်နှင့်မဝေးသော ကျွင်းယိုတောင်ပေါ်တွင်ခေတ္တနေထိုင်ရန်နေရာကိုရှာဖွေခဲ့ကြောင်း သိရသည်။ နှစ်သစ်ကူးအကြို နီးကပ်လာသည်နှင့်အမျှ သူတို့သည် တောင်ပေါ်မှ ဆင်းလာကြမည်မဟုတ်ကြောင်း ထင်ရှားသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now