အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။

5K 879 16
                                    

Unicode

အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။

[ငါမင်းကိုဒီလိုမလုပ်ဖို့ အကြံပေးလိုက်မယ်...]

ဒုတိယနေ့ညနေချိန်တွင် ၎င်းတို့အုပ်စုသည် နတ်ဆိုးမြို့တော်ကို ဖြတ်ကျော်ပြီး မိစ္ဆာဂိုဏ်း၏ ဌာနချုပ်ရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုည၌ စုယန်သည် ဂိုဏ်း၏ကိစ္စများကို မဖြေရှင်းနိုင်တော့ဘဲ အားလုံးကို ပျော်ရွှင်စွာ အနားယူရန်နှင့် နောက်တစ်နေ့နံနက်မှ ကိစ္စအားလုံးကို ဆွေးနွေးရန် အမိန့်ပေးခဲ့သည်။

ထို့နောက် ကြာခန်းမဆောင်မှ အစေခံများကိုခေါ်ကာ ကုဖေးတိအတွက် သူ့ခြံဝင်းအတွင်းရှိ ဘေးခန်း တစ်ခန်းကို သန့်ရှင်းရေးလုပ်ရန် အမိန့်ပေးခဲ့သည်။ ပြီးနောက် ရေချိုးရန်အတွက် ရေကိုလည်း ပြင်ဆင်ခိုင်းခဲ့သည်။

ခရီး၏နောက်ပိုင်းတွင် ရေကန်များမရှိခဲ့သောကြောင့် ရေချိုးရန် အဆင်မပြေခဲ့ပေ။ သူ၏ဦးခေါင်းနှင့် တစ်ကိုယ်လုံးသည် ဖုန်မှုန့်များဖြင့် ဖုံးအုပ်နေ၏။ သူထပ်ပြီး သည်းမခံနိုင်တော့ပေ။

"ရေနွေးကို အမြန်ဆုံးပြင်လိုက်။ ဟုတ်သားပဲ.. သူ့အတွက် အဝတ်အစားတွေလည်း ပြင်ထား"

စုယန်က ကုဖေးတိကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။

"သူက ငါနဲ့ အရပ်တူတူလောက်ရှိတယ်။ ငါ့ရဲ့ အဝတ်အစားအသစ်တွေကို သူ့ကိုပေးလိုက်ပါ"

ကြာခန်းမဆောင်မှ အစေခံများက အမိန့်ကို လက်ခံရရှိပြီး စုယန်အနား၌ ရပ်နေသော ကုဖေးတိကိုကြည့်ကာ ခေါင်းညိတ်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

ခဏကြာသောအခါ ရေချိုးခန်းထဲမှ ရေချိုးကန်ထဲသို့ ရေနွေးနွေး ဖြည့်ထည့်ထားပြီးပြီဖြစ်ပြီး အဝတ်အစားလည်း အဆင်သင့်ဖြစ်နေလေပြီ။ စုယန်သည် ညစ်ပတ်နေသော အဝတ်အစားအားလုံးကို ချွတ်ချလိုက်ပြီး ရေထဲသို့ ခုန်ချလိုက်၏။ ပြီးပြည့်စုံသော အပူချိန်ကြောင့် သူ စိတ်ကျေနပ်စွာ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now